ဗားရှင်း:v20260128

Xiaomi ၏ အထွေထွေ ကိုယ်ရေးလုံခြုံမှု မူဝါဒ

ကျွန်ုပ်တို့၏ အထွေထွေ ကိုယ်ရေးလုံခြုံမှု မူဝါဒကို 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်တွင် အပ်ဒိတ်လုပ်ထားသည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဆောင်ရွက်ချက်များကို သိရှိနားလည်အောင် အချိန်ပေးလေ့လာပြီး မေးမြန်းလိုသည်များရှိပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

အကျဉ်းချုပ်

1. မိတ်ဆက်

2. ကိုယ်ရေးအချက်အလက်ဆိုသည်မှာ အဘယ်နည်း။

3. ကျွန်ုပ်တို့က မည်သည့်အချက်အလက်များကို မည်သည့်ရည်ရွယ်ချက်များအတွက် စုဆောင်းပါသနည်း။

4. ကျွန်ုပ်တို့က သင့်ကိုယ်ရေးအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများနှင့် မည်သို့မျှဝေသနည်း။

5. သင့်ကိုယ်ရေးအချက်အလက်ကို စီမံဆောင်ရွက်ခြင်းအတွက် ဥပဒေဆိုင်ရာ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။

6. သင့်ကိုယ်ရေးအချက်အလက်ကို ကာကွယ်ရန် ကျွန်ုပ်တို့၏ လုံခြုံရေးအကာအကွယ်များမှာ မည်သည်တို့ဖြစ်သနည်း။

7. သင့်ကိုယ်ရေးအချက်အလက်ကို မည်မျှကြာအောင် သိမ်းဆည်းထားမည်နည်း။

8. သင့်ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဦးစားပေးမှုများကို မည်သို့ စီမံခန့်ခွဲနိုင်မည်နည်း။

9. သင်၏ ဒေတာကာကွယ်ရေး အခွင့်အရေးများမှာ မည်သည်တို့ဖြစ်သနည်း။

10. သင်၏ ဒေတာကာကွယ်ရေး အခွင့်အရေးများကို မည်သို့အသုံးချရမည်နည်း၊ ကျွန်ုပ်တို့ထံ မည်သို့ဆက်သွယ်ရမည်နည်း။

11. သင့်ကိုယ်ရေးအချက်အလက်ကို ကမ္ဘာတစ်ဝန်းသို့ မည်သို့လွှဲပြောင်းသနည်း။

12. အရွယ်မရောက်သေးသူများကို မည်သို့ကာကွယ်ပေးသနည်း။

13. ပြင်ပအဖွဲ့အစည်း၏ စည်းကမ်းသတ်မှတ်ချက်တစ်ရပ်ရပ်ကို သင်သဘောတူရမည်လား။

14. ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို ကျွန်ုပ်တို့ မည်သို့အပ်ဒိတ်လုပ်သနည်း။

1. မိတ်ဆက်

ကိုယ်ရေးလုံခြုံမှုသည် Xiaomi ၏ အဓိက ဦးစားပေးတန်ဖိုးများထဲမှ တစ်ခုဖြစ်ပြီး သင့်ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏ ထိပ်တန်းဦးစားပေးဖြစ်ပါသည်။ Xiaomi ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုစီတွင် ၎င်း၏ သီးသန့် ကိုယ်ရေးလုံခြုံမှု မူဝါဒ ရှိသော်လည်း ကျွန်ုပ်တို့သည် ဤအထွေထွေ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် အဓိကအချက်အချို့ကို အကျဉ်းချုပ်၍ ထည့်သွင်းထားပါသည်။ ဤနည်းအားဖြင့် သင်သည် အချက်အလက်များကို ပုံစံနှစ်မျိုးဖြင့် အမြန်ကြည့်ရှုနိုင်ပါမည်- ဤနေရာတွင် ဖော်ပြထားသည့် ပိုမိုရိုးရှင်းသော ဗားရှင်းနှင့် သင်စိတ်ဝင်စားသော ထုတ်ကုန် နှင့်/သို့မဟုတ် ဝန်ဆောင်မှု၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ရည်ညွှန်းကိုးကားခြင်းဖြင့် ပိုမိုအသေးစိတ်ကျပြီး သီးသန့်ဖြစ်သော ဗားရှင်းဖြစ်သည်။

Xiaomi က လုပ်ဆောင်သည့် ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာ ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများအပြင် အသုံးပြုသည့် လုပ်ဆောင်ချက်များနှင့် သုံးစွဲသူတစ်ဦးစီက ရွေးချယ်ထားသော စီစဉ်သတ်မှတ်ချက်ပေါ် မူတည်၍ ကွဲပြားနိုင်သည်ကို မှတ်ထားပေးပါ။

ကျွန်ုပ်တို့သည် အခြေခံအားဖြင့် ကျွန်ုပ်တို့၏ သုံးစွဲသူအားလုံးအတွက် အကောင်းဆုံးဖြစ်မည့်အရာကို လိုလားပါသည်။ ဤအ‌ထွေထွေ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် အကျဉ်းချုပ်ဖော်ပြထားသည့် ကျွန်ုပ်တို့၏ ဒေတာစီမံဆောင်ရွက်မှု ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သင့်တွင် မေးစရာများ ရှိပါက https://privacy.mi.com/support မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပြီး သင်မေးမြန်းလိုသည့်အရာ အတိအကျကို ဖော်ပြပေးပါ။ သင်ဆက်သွယ်မည်ကို ဝမ်းမြောက်စွာ မျှော်လင့်ပါသည်။

2. ကိုယ်ရေးအချက်အလက်ဆိုသည်မှာ အဘယ်နည်း။

ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် "ကိုယ်ရေးအချက်အလက်" ဆိုသည်မှာ သင့်ဒေသရှိ သက်ဆိုင်ရာ ဥပဒေက အခြားတစ်နည်းနည်းဖြင့် အတိအကျ သတ်မှတ်ဖော်ပြထားခြင်းမှလွဲ၍ Xiaomi က ရရှိနိုင်သော တစ်ဦးချင်းစီနှင့်ပတ်သက်သည့် အချက်အလက်ချည်းသက်သက်ကိုဖြစ်စေ၊ အခြားအချက်အလက်များနှင့်ပေါင်းစပ်ထားသော အချက်အလက်များကိုဖြစ်စေ အသုံးပြု၍ တစ်ဦးတစ်ယောက်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်ရန် အသုံးပြုနိုင်သည့် အချက်အလက်များဖြစ်သည်။ ၎င်းတွင် အမည်၊ ဆက်သွယ်ရန်အသေးစိတ်အချက်များ၊ အိုင်ဒီနံပါတ်များ၊ တည်နေရာဒေတာ သို့မဟုတ် အွန်လိုင်းအိုင်ဒီများ (ဥပမာ- Xiaomi အကောင့် ID) ကဲ့သို့သော အချက်အလက်များ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို တစ်သဝေမတိမ်း လိုက်နာ၍ သင့်ကိုယ်ရေးအချက်အလက်များကို အသုံးပြုပါမည်။

3. ကျွန်ုပ်တို့က မည်သည့်အချက်အလက်များကို မည်သည့်ရည်ရွယ်ချက်များအတွက် စုဆောင်းပါသနည်း။

3.1 သင့်ထံမှ ကိုယ်ရေးအချက်အလက်များ စုဆောင်းခြင်း

Xiaomi က လုပ်ဆောင်သည့် ကိုယ်ရေးအချက်အလက်စီမံဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာ ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများအပြင် အသုံးပြုသည့် လုပ်ဆောင်ချက်များနှင့် သုံးစွဲသူတစ်ဦးစီက ရွေးချယ်ထားသော စီစဉ်သတ်မှတ်ချက်ပေါ် မူတည်၍ ကွဲပြားနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ သင်ရွေးချယ်ထားသော ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ပါမည်။

သင် အသုံးပြုနေသော ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ၏ သီးခြား ကိုယ်ရေးလုံခြုံမှု မူဝါဒများတွင် နောက်ထပ်အချက်အလက်များကို ရှာဖွေတွေ့ရှိနိုင်သော်လည်း ကျွန်ုပ်တို့ ကိုယ်ရေးအချက်အလက် စုဆောင်းရသည့် အဓိက အကြောင်းရင်းမှာ သင်ရွေးချယ်ထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးနိုင်ရန်ဖြစ်ပါသည်။ ထို့ကြောင့် သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့စီမံဆောင်ရွက်သော အချက်အလက်အများစုသည် အဆိုပါ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် လိုအပ်သော အချက်အလက်များ ဖြစ်ပါသည်။

သင်‌ရွေးချယ်‌သော ဝန်ဆောင်မှု အပေါ်မူတည်၍ အောက်ဖော်ပြပါ အချက်အလက် အမျိုးအစားများကို ကျွန်ုပ်တို့ စုဆောင်းပါမည်-

3.1.1 ကျွန်ုပ်တို့ကို သင်ပေးအပ်သည့် အချက်အလက်များ

သင်ရွေးချယ်သည့် ဝန်ဆောင်မှုအတွက် လိုအပ်ပါက ကျွန်ုပ်တို့ကို သင်ပေးအပ်သည့် ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်။ ဥပမာအားဖြင့် သင်သည် mi.com လက်လီရောင်းချရေး ဝန်ဆောင်မှုများကို အသုံးပြုပါက သင်၏ အမည်၊ မိုဘိုင်းဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ပို့ဆောင်ရန်လိပ်စာ၊ အမှာစာ အချက်အလက်များ၊ ငွေတောင်းခံမှုအသေးစိတ်၊ ဘဏ်အကောင့်နံပါတ်၊ အကောင့်ပိုင်ရှင်အမည်၊ ခရက်ဒစ်ကတ်နံပါတ်နှင့် အခြားအချက်အလက်များကို ပေးအပ်နိုင်ပါသည်။ သင်သည် Xiaomi ကလောက်ဒ် ဝန်ဆောင်မှုများကို အသုံးပြုပါက အကြောင်းအရာများ သို့မဟုတ် ဒေတာများကို ဆင့်ခ်လုပ်နိုင်သည်။ သင်သည် အကောင့်ဖွင့်ပါက သင်၏ ကျား/မ၊ လုံခြုံရေးဆိုင်ရာအချက်အလက်များနှင့် အခြားအချက်အလက်များကို ပေးအပ်နိုင်သည်။ သင်သည် အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပါက သင်၏အမည်ပြောင်၊ အီးမေးလ်လိပ်စာ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ သို့မဟုတ် အခြားလိုအပ်သော အချက်အလက်များကို ကျွန်ုပ်တို့အား ပေးအပ်နိုင်သည်။ သင်သည် ကျွန်ုပ်တို့နှင့်၊ ကျွန်ုပ်တို့၏ အကြောင်းအရာနှင့်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေးနှင့်ဖြစ်စေ တုံ့ပြန်ဆက်သွယ်ပါက သို့မဟုတ် ဆုရရှိပါက သင်၏ အမည်၊ မိုဘိုင်းဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ပေးအပ်နိုင်သည်။

3.1.2 ဝန်ဆောင်မှုများကို သင်အသုံးပြုစဉ် ကျွန်ုပ်တို့စုဆောင်းသည့် အချက်အလက်များ

  • စက်နှင့်ဆိုင်သော သို့မဟုတ် SIM နှင့်ဆိုင်သော အချက်အလက်။ ဥပမာအားဖြင့် IMEI/OAID၊ GAID နံပါတ်၊ IMSI နံပါတ်၊ MAC လိပ်စာ၊ အမှတ်စဉ်နံပါတ်၊ စနစ်ဗားရှင်းနှင့် အမျိုးအစား၊ ROM ဗားရှင်း၊ Android ဗားရှင်း၊ Android ID၊ Space ID၊ SIM ကတ် အော်ပရေတာနှင့် ၎င်း၏ တည်နေရာဒေသ၊ စခရင်တွင် ပြသသည့် အချက်အလက်၊ စက်ကီးပတ်အချက်အလက်၊ စက်ထုတ်လုပ်သူအသေးစိတ်များနှင့် မော်ဒယ်အမည်၊ စက်ကို စဖွင့်သည့်အချိန်၊ ကွန်ရက်အော်ပရေတာ၊ ချိတ်ဆက်မှုအမျိုးအစား၊ အခြေခံ ဟာ့ဒ်ဝဲအချက်အလက်များ၊ အရောင်းချန်နယ်နှင့် အသုံးပြုမှုဆိုင်ရာ အချက်အလက်များ (CPU၊ သိုလှောင်ခန်း၊ ဘက်ထရီအသုံးပြုမှု၊ စခရင်ရီဆိုလူးရှင်းနှင့် စက်အပူချိန်၊ ကင်မရာမှန်ဘီလူးမော်ဒယ်၊ စခရင်ကို နှိုးသည့် သို့မဟုတ် သော့ဖွင့်သည့် အကြိမ်အရေအတွက်ကဲ့သို့)။

  • ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များက သတ်မှတ်ပေးထားနိုင်သည့် သင်နှင့်သက်ဆိုင်သော အချက်အလက်များ- ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများနှင့် လုပ်ငန်းမိတ်ဖက်များက သတ်မှတ်ပေးသည့် သင့်ကြော်ငြာ ID ကဲ့သို့သော အချက်အလက်များကို စုဆောင်းပြီး အသုံးပြုနိုင်ပါသည်။

  • သင်၏ အက်ပ်အသုံးပြုမှုဆိုင်ရာ အချက်အလက်များ။ ၎င်းတွင် အက်ပ်အတွက် သီးသန့်အိုင်ဒီများ (ဥပမာ- VAID၊ OAID၊ AAID၊ ဖြစ်ရပ် ID) အပြင် အက်ပ်စာရင်း၊ အက်ပ် ID အချက်အလက်များ၊ SDK ဗားရှင်း၊ စနစ်အပ်ဒိတ်ဆက်တင်၊ အက်ပ်ဆက်တင် (ဒေသ၊ ဘာသာစကား၊ ဒေသစံတော်ချိန်၊ ဖောင့်)၊ ရှေ့မျက်နှာပြင်တွင် အက်ပ်ထဲဝင်ချိန်/အက်ပ်မှထွက်ချိန်နှင့် အက်ပ်အခြေအနေမှတ်တမ်း (ဥပမာ- ဒေါင်းလုဒ်လုပ်ခြင်း၊ ထည့်သွင်းခြင်း၊ အပ်ဒိတ်လုပ်ခြင်းနှင့် ဖျက်ခြင်း) ကဲ့သို့ အခြေခံ အက်ပ်အချက်အလက်များ ပါဝင်သည်။

  • Xiaomi စနစ်ဝန်ဆောင်မှုကို သင်အသုံးပြုချိန်၌ ထုတ်ပေးသည့် အချက်အလက်များ။ ဥပမာ- Xiaomi Community ရှိ သင့်ဆုတံဆိပ်များ၊ အဆင့်သတ်မှတ်ချက်များ၊ အကောင့်ဝင်ရောက်မှု အချက်အလက်များနှင့် ရှာဖွေကြည့်ရှုမှု မှတ်တမ်း၊ Xiaomi Community ရှိ သင့်မက်ဆေ့ချ်များ (ပို့သူနှင့် လက်ခံသူသာ မြင်နိုင်သည်)၊ ဂီတဝန်ဆောင်မှုများရှိ သင်၏ အသံဖွင့်မှတ်တမ်းနှင့် ရှာဖွေမေးမြန်းမှုများ၊ အလှဆင်သွင်ပြင် ဝန်ဆောင်မှုများရှိ သင့်နှစ်သက်မှု၊ မှတ်ချက်၊ အကြိုက်ဆုံးထဲထည့်ခြင်း၊ မျှဝေခြင်းနှင့် ရှာဖွေမေးမြန်းမှုများ၊ စနစ်ဘာသာစကား၊ နိုင်ငံနှင့် ဒေသ၊ ကွန်ရက်အခြေအနေနှင့် App Vault ရှိ အက်ပ်စာရင်း၊ နောက်ခံပုံ အလှည့်ကျပြသမှုရှိ ဒေသ၊ IP၊ သက်ဆိုင်ရာ အကြောင်းအရာပံ့ပိုးသူ၊ နောက်ခံပုံပြောင်းသည့် အကြိမ်ရေ၊ ပုံကြည့်ရှုမှုများ၊ ပုံရှာဖွေကြည့်ရှုမုဒ်၊ ပုံရှာဖွေကြည့်ရှုမှု ကြာချိန်၊ ဆောင်းပါးများကို ကလစ်နှိပ်မှုများနှင့် ဖတ်ရှုမှု၊ စာရင်းသွင်းရယူမှုများ အပါအဝင် သင်၏ အသုံးပြုမှုဆိုင်ရာ အချက်အလက်များ။

  • တည်နေရာအချက်အလက်များ (သတ်မှတ်ထားသော ဝန်ဆောင်မှုများ/လုပ်ဆောင်ချက်များအတွက်သာ)- တည်နေရာဆိုင်ရာ ဝန်ဆောင်မှုများ (လမ်းညွှန်၊ မိုးလေဝသ၊ စက်ရှာဖွေရေး စသည်) ကို သင် အသုံးပြုပါက သင်၏ တိကျသော သို့မဟုတ် ခန့်မှန်းခြေ တည်နေရာ အချက်အလက်အမျိုးမျိုး။ ဤအချက်အလက်တွင် ဒေသ၊ နိုင်ငံကုဒ်၊ မြို့ကုဒ်၊ မိုဘိုင်းကွန်ရက်ကုဒ်၊ မိုဘိုင်းနိုင်ငံကုဒ်၊ ဆဲလ်အိုင်ဒီ၊ လောင်ဂျီတွဒ်နှင့် လတ္တီတွဒ် အချက်အလက်၊ ဒေသစံတော်ချိန်ဆက်တင်နှင့် ဘာသာစကားဆက်တင်တို့ ပါဝင်နိုင်သည်။ သင်သည် ဆက်တင် > အက်ပ်များ > ခွင့်ပြုချက်များ > ခွင့်ပြုချက်များ > တည်နေရာတွင် အက်ပ်တစ်ခုစီကို တည်နေရာအချက်အလက် ဝင်သုံးခွင့်မှ အချိန်မရွေး ကန့်သတ်နိုင်သည်။

  • မှတ်တမ်းအချက်အလက်များ- အချို့သော လုပ်ဆောင်ချက်များ၊ အက်ပ်များနှင့် ဝက်ဘ်ဆိုက်များကို သင်အသုံးပြုမှုနှင့်ဆိုင်သော အချက်အလက်များ။ ၎င်းတွင် ကွတ်ကီးများနှင့် အခြားသော အထောက်အထားခွဲခြားသတ်မှတ်မှု နည်းပညာများ၊ IP လိပ်စာများ၊ ကွန်ရက်တောင်းဆိုမှု အချက်အလက်များ၊ ယာယီမက်ဆေ့ချ်မှတ်တမ်း၊ စံစနစ်မှတ်တမ်းများ၊ ချွတ်ယွင်းမှုအချက်အလက်များ၊ ဝန်ဆောင်မှုတစ်ခုကို အသုံးပြုရာမှ ထုတ်ပေးထားသော မှတ်တမ်းအချက်အလက်များ (မှတ်ပုံတင်ချိန်၊ ဝင်သုံးချိန်၊ လှုပ်ရှားဆောင်ရွက်ချိန် စသည်တို့ကဲ့သို့) ပါဝင်နိုင်သည်။

  • အခြားအချက်အလက်များ- ပတ်ဝန်းကျင်လက္ခဏာများတန်ဖိုး (ECV) (Xiaomi အကောင့် ID၊ စက် ID၊ ချိတ်ထားသော Wi-Fi ID မှ ထုတ်ပေးသော တန်ဖိုးနှင့် တည်နေရာအချက်အလက်များကို ဆိုလိုသည်)။

3.1.3 ပြင်ပအဖွဲ့အစည်း ရင်းမြစ်များမှ အချက်အလက်များ

ဥပဒေအရ ခွင့်ပြုသည့်အခါ ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်း ရင်းမြစ်များမှ သင့်အကြောင်း အချက်အလက်များကို စုဆောင်းပါမည်။ ဥပမာ-

  • အကောင့်ဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ ပါဝင်နိုင်သော အချို့ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့သည် လုံခြုံရေးနှင့် လိမ်လည်မှုတားဆီးရေးအလို့ငှာ တရားဝင်သော ပြင်ပအဖွဲ့အစည်း ရင်းမြစ်များမှတစ်ဆင့် (ဖုန်းနံပါတ်ကဲ့သို့) သင်ပေးထားသော အချက်အလက်များကို သင့်ခွင့်ပြုချက်ဖြင့် စိစစ်အတည်ပြုနိုင်သည်။

  • (ကြော်ငြာသူများထံမှ ရရှိသော IMEI/OAID/GAID ကဲ့သို့) သတ်မှတ်ထားသော သီးသန့်အိုင်ဒီများမှတစ်ဆင့် ကြော်ငြာမော်ဒယ် အကောင်းဆုံးချိန်ညှိခြင်းကို ဆောင်ရွက်ပြီး အချို့အခြေအနေများတွင် ကြော်ငြာဝန်ဆောင်မှုများ ပံ့ပိုးရန်အလို့ငှာ ကြော်ငြာဝန်ဆောင်မှုများကို သင်၏အသုံးပြုမှုနှင့်ဆိုင်သည့် တုံ့ပြန်မှုစွမ်းဆောင်ရည်ဒေတာ တစ်စိတ်တစ်ပိုင်း (ကလစ်နှိပ်ချက်များကဲ့သို့) ကိုလည်း အသုံးပြုပါမည်။

  • ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်း လူမှုကွန်ရက် ဝန်ဆောင်မှုများမှ အကောင့် ID၊ အမည်ပြောင်၊ ပရိုဖိုင်ဓာတ်ပုံနှင့် အီးမေးလ်လိပ်စာကဲ့သို့ အချက်အလက်အချို့ကိုလည်း ရယူနိုင်သည် (ဥပမာ- သင်က လူမှုကွန်ရက်အကောင့်တစ်ခုသုံးပြီး Xiaomi ဝန်ဆောင်မှုထဲသို့ ဝင်ရောက်ချိန်)။

  • အခြားသုံးစွဲသူတစ်ဦးက mi.com ဝန်ဆောင်မှုများမှတစ်ဆင့် သင့်အတွက် ထုတ်ကုန်များဝယ်ပေးစဉ် ကျွန်ုပ်တို့ထံ ပေးအပ်နိုင်သော သင်၏ပို့ဆောင်ရန်လိပ်စာကဲ့သို့ အခြားသူများက ကျွန်ုပ်တို့ထံ ပေးအပ်ထားသော သင့်အကြောင်း အချက်အလက်များ။

3.1.4 မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်၍ မရနိုင်သော အချက်အလက်များ

ကျွန်ုပ်တို့က တစ်ဦးချင်းစီနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိတ်ဆက်၍မရသည့်၊ သက်ဆိုင်ရာ ဒေသတွင်း ဥပဒေများအရ ကိုယ်ရေးအချက်အလက်အဖြစ် မသတ်မှတ်နိုင်သည့် အခြား အချက်အလက် အမျိုးအစားများကိုလည်း စုဆောင်းနိုင်သည်။ အဆိုပါ အချက်အလက်ကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်၍ မရနိုင်သော အချက်အလက်ဟု ခေါ်ပါသည်။ ကျွန်ုပ်တို့က မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်၍ မရနိုင်သော အချက်အလက်များကို စုဆောင်း၊ အသုံးပြု၊ လွှဲပြောင်းပြီး ထုတ်ဖော်နိုင်သည်။ ကျွန်ုပ်တို့စုဆောင်းသည့် အချက်အလက်နှင့် ၎င်းအချက်အလက်ကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်၍ မရနိုင်သော ပေါင်းစည်းထားသည့်ပုံစံဖြင့် ကျွန်ုပ်တို့အသုံးပြုနိုင်ပုံ ဥပမာအချို့ကို ဤတွင်ဖော်ပြထားပါသည်-

  • ဤအချက်အလက်တွင် ဝန်ဆောင်မှုတစ်ခုကို သင်အသုံးပြုချိန်တွင် ထုတ်ပေးထားသည့် စာရင်းအင်းဒေတာများ ပါဝင်နိုင်သည် (ဥပမာ- မည်သူမည်ဝါဖော်ထုတ်၍မရနိုင်သော စက်နှင့်ပတ်သက်သည့် အချက်အလက်များ၊ နေ့စဉ်အသုံးပြုမှု၊ စာမျက်နှာဝင်ကြည့်မှုများ၊ စာမျက်နှာဝင်ကြည့်သည့် ကြာချိန်နှင့် ဆက်ရှင်ဖြစ်ရပ်များ)၊

  • ကွန်ရက်စောင့်ကြည့်မှုဒေတာ (ဥပမာ- တောင်းဆိုချိန်၊ တောင်းဆိုသည့်အကြိမ်ရေ သို့မဟုတ် တောင်းဆိုချိန် အမှားအယွင်းဖြစ်သည့် အကြိမ်ရေ စသည်)၊

  • အက်ပ်ချွတ်ယွင်းမှုဖြစ်ရပ်များ (ဥပမာ - အက်ပ်ချွတ်ယွင်းသွားပြီးနောက် အလိုအလျောက် ထုတ်ပေးသော မှတ်တမ်းများ)။

ထိုသို့စုဆောင်းရယူခြင်း၏ ရည်ရွယ်ချက်မှာ သင့်အား ကျွန်ုပ်တို့ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်ဖြစ်သည်။ စုဆောင်းသည့် အချက်အလက် အမျိုးအစားများနှင့် ပမာဏသည် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို သင် အသုံးပြုပုံအပေါ်တွင် မူတည်သည်။

သင့်အား ပိုမိုအသုံးဝင်သော အချက်အလက်များ ပံ့ပိုးပေးနိုင်ရန်အပြင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများထဲမှ သင်စိတ်အဝင်စားဆုံး အပိုင်းများကို ကျွန်ုပ်တို့နားလည်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဤအချက်အလက်ကို ပေါင်းစည်း၍ အသုံးပြုပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် တစ်ရက်တာအတွင်း အသုံးပြုနေသော သုံးစွဲသူအရေအတွက်ကို သိရှိရန် လိုအပ်နိုင်သော်လည်း ထိုနေ့တွင် မည်သူမည်ဝါ အသုံးပြုနေသည်ကို သိရန်မလိုပါ။ ထို့ကြောင့် စာရင်းအင်းဆိုင်ရာ စိစစ်လေ့လာချက်အတွက် ပေါင်းစည်းထားသောဒေတာသည် လုံလောက်ပါသည်။ ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်၍ မရနိုင်သော အချက်အလက်များထဲမှ သင့်ကိုယ်ရေးဒေတာများကို သီးသန့်ခွဲထားရန်နှင့် ၎င်းဒေတာ အမျိုးအစားနှစ်ခုကို သီးခြားစီ အသုံးပြုကြောင်း သေချာစေရန် ကြိုးစားပါမည်။ သို့ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်၍ မရနိုင်သော အချက်အလက်ကို ကိုယ်ရေးအချက်အလက်နှင့် ကျွန်ုပ်တို့ပေါင်းစပ်ပါက ထိုသို့ပေါင်းစပ်ထားသည့် ကာလပတ်လုံး ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဥပဒေများနှင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒ၏ အကျုံးဝင်မှုအရ အဆိုပါပေါင်းစပ်အချက်အလက်ကို ကိုယ်ရေးအချက်အလက်အဖြစ် မှတ်ယူပါမည်။

3.2 ကျွန်ုပ်တို့စုဆောင်းသော ကိုယ်ရေးအချက်အလက်များကို အသုံးပြုပုံ

ကိုယ်ရေးအချက်အလက် စုဆောင်းရခြင်း၏ ရည်ရွယ်ချက်မှာ သင့်အား ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ ပံ့ပိုးရန်နှင့် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် အခြားစည်းကမ်းသတ်မှတ်ချက်များကို ကျွန်ုပ်တို့လိုက်နာကြောင်း သေချာစေရန်ဖြစ်သည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

  • သင့်အား ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ ပံ့ပိုးခြင်း၊ ၎င်းတို့ကို စီမံဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ တိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် တီထွင်ဖန်တီးခြင်း၊ ဥပမာ- ပေးပို့ခြင်း၊ အသက်သွင်းခြင်း၊ စိစစ်အတည်ပြုခြင်း၊ ရောင်းချပြီးနောက်ပိုင်း ပံ့ပိုးကူညီမှု၊ သုံးစွဲသူပံ့ပိုးကူညီမှုနှင့် ကြော်ငြာခြင်းကဲ့သို့။

  • ဆုံးရှုံးမှုနှင့် လိမ်လည်မှုမှ ကာကွယ်ရန် ရည်ရွယ်ချက်အတွက် လုံခြုံရေးအကာအကွယ်များ အကောင်အထည်ဖော်ခြင်းနှင့် ဆက်လက်ထားရှိခြင်း၊ ဥပမာ- သုံးစွဲသူများကို စိစစ်ဖော်ထုတ်ခြင်းနှင့် သုံးစွဲသူအထောက်အထားကို မှန်ကန်ကြောင်းအတည်ပြုခြင်းကဲ့သို့။ အောက်ပါအခြေအနေနှစ်ရပ်နှင့် ကိုက်ညီသည့်အခါ လိမ်လည်မှုတိုက်ဖျက်ရေး ရည်ရွယ်ချက်အတွက်သာ သင့်အချက်အလက်ကို ကျွန်ုပ်တို့အသုံးပြုပါသည်- ထိုသို့အသုံးပြုရန် လိုအပ်သောအခါနှင့် အကဲဖြတ်မှုအတွက်သုံးသည့် ဒေတာသည် သုံးစွဲသူများနှင့် ဝန်ဆောင်မှုများကို ကာကွယ်ရန် Xiaomi ၏ တရားဝင်အကျိုးစီးပွားများနှင့်အညီ ဖြစ်သောအခါ။

  • စက်များ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် သင်၏မေးခွန်းများ သို့မဟုတ် တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ဥပမာ- ဖောက်သည်၏စုံစမ်းမေးမြန်းမှုများကို ဖြေကြားခြင်း၊ စနစ်နှင့် အက်ပ်ဆိုင်ရာ အသိပေးချက်များပို့ခြင်း၊ ပွဲအစီအစဉ်များနှင့် ပရိုမိုးရှင်းများ (ဥပမာ- ဆုမဲများ) တွင် သင်၏ပါဝင်မှုကို စီမံခန့်ခွဲခြင်းကဲ့သို့။

  • သက်ဆိုင်ရာ အရောင်းမြှင့်တင်‌ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်း၊ ဥပမာ- ဈေးကွက်ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေး အကြောင်းအရာများနှင့် အပ်ဒိတ်များကို ဖော်ပြပေးခြင်းကဲ့သို့။ အချို့သော အရောင်းမြှင့်တင်ရေး အချက်အလက် အမျိုးအစားများကို သင်လက်ခံမရယူလိုတော့ပါက သက်ဆိုင်ရာ ဥပဒေများအရ အခြားတစ်နည်းနည်းဖြင့် သတ်မှတ်ထားခြင်းမရှိလျှင် (မက်ဆေ့ချ်အောက်ခြေရှိ စာရင်းသွင်းမှုပယ်ဖျက်ရန်လင့်ခ်ကဲ့သို့) မက်ဆေ့ချ်တွင် ဖော်ပြထားသော နည်းလမ်းအတိုင်း သင်ငြင်းပယ်နိုင်ပါသည်။ အောက်ရှိ အပိုင်း 9 "သင်၏ ဒေတာ ကာကွယ်ရေး အခွင့်အရေးများမှာ မည်သည်တို့ဖြစ်သနည်း" ကိုလည်း ကြည့်ရှုပါ။

  • လုပ်ငန်းတွင်း ရည်ရွယ်ချက်များ၊ ဥပမာ- ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုခြင်းဆိုင်ရာ စာရင်းအင်းအချက်အလက်နှင့်ပတ်သက်သော ဒေတာစိစစ်လေ့လာချက်၊ သုတေသနနှင့် တီထွင်မှု ဆောင်ရွက်ခြင်းတို့အားဖြင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်။ ဥပမာအားဖြင့် အထောက်အထားအချက်အလက်ဖယ်ရှားခြင်း ဆောင်ရွက်ပြီးနောက် စက်သင်ယူမှု သို့မဟုတ် မော်ဒယ်အယ်လ်ဂိုရီသမ် လေ့ကျင့်မှုကို ဆောင်ရွက်သည်။

  • သင့်စက်၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးချိန်ညှိခြင်း၊ ဥပမာ- သင့်အက်ပ်များ၏ မမ်မိုရီသုံးစွဲနှုန်း သို့မဟုတ် CPU အသုံးပြုနှုန်းကို စိစစ်လေ့လာခြင်း။

  • ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုများ (လုပ်ငန်းစာရင်းဇယားများကဲ့သို့) အတွက် သို့မဟုတ် ကျွန်ုပ်တို့၏ ဥပဒေအရ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် သင်နှင့်သက်ဆိုင်သည့် အချက်အလက်များကို သိမ်းဆည်းခြင်းနှင့် ထိန်းသိမ်းထားရှိခြင်း။

  • Xiaomi ၏ တရား၀င်အကျိုးစီးပွားများအပေါ် အခြေခံ၍ (ဥပမာအားဖြင့် GDPR အရ အကျုံးဝင်သော သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေများတွင်) စီမံဆောင်ရွက်ခြင်း။ တရားဝင်အကျိုးစီးပွားများတွင် ကျွန်ုပ်တို့၏ လုပ်ငန်းကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲပြီး လည်ပတ်နိုင်စေခြင်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်စေခြင်း၊ (ဆုံးရှုံးမှုကာကွယ်ခြင်းနှင့် လိမ်လည်မှုတိုက်ဖျက်ခြင်းတို့ အပါအဝင်) ကျွန်ုပ်တို့၏ လုပ်ငန်းများ၊ စနစ်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဖောက်သည်များ၏ လုံခြုံရေးကို ကာကွယ်ခြင်း၊ လုပ်ငန်းတွင်း စီမံခန့်ခွဲခြင်း၊ လုပ်ငန်းတွင်း မူဝါဒများနှင့် လုပ်ငန်းစဉ်များကို လိုက်နာခြင်းအပြင် ဤမူဝါဒတွင် ဖော်ပြထားသော အခြားတရားဝင်အကျိုးစီးပွားတို့ ပါဝင်သည်။

    ဥပမာအားဖြင့် ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ လုံခြုံရေးခိုင်မာစေရန်နှင့် ကျွန်ုပ်တို့အက်ပ်များ၏ စွမ်းဆောင်ရည်ကို ကျွန်ုပ်တို့ ပိုမိုနားလည်အောင် ကူညီနိုင်ရန်အတွက် ကျွန်ုပ်တို့သည် သင်၏အသုံးပြုမှုကြိမ်ရေ၊ ချွတ်ယွင်းချက်မှတ်တမ်း အချက်အလက်များ၊ အသုံးပြုမှုအလုံးစုံ၊ စွမ်းဆောင်ရည်ဒေတာနှင့် အက်ပ်ရင်းမြစ်ကဲ့သို့ သက်ဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ထားနိုင်သည်။ ခွင့်ပြုချက်မရှိဘဲ ရောင်းချသူများက စက်များကို သော့ဖွင့်ခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့သည် အသုံးပြုသော ကွန်ပျူတာ၏ Xiaomi အကောင့် ID၊ အမှတ်စဉ်နံပါတ်နှင့် IP လိပ်စာ၊ သင့်မိုဘိုင်းစက်၏ အမှတ်စဉ်နံပါတ်နှင့် စက်အချက်အလက်များကို စုဆောင်းရယူနိုင်သည်။

  • သင့်စက်တွင် မှတ်စုများသုံးခြင်းကဲ့သို့ ကျွန်ုပ်တို့၏ ဆာဗာများနှင့် ဆက်သွယ်ချိတ်ဆက်ရန်မလိုသော စက်များပေါ်တွင် စက်တွင်းဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း

  • သင့်သဘောတူညီချက်ဖြင့် ဆောင်ရွက်သည့် အခြားရည်ရွယ်ချက်များ။

    (ကိုယ်ရေးအချက်အလက်များပါဝင်နိုင်သည့်) သင့်အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပုံအကြောင်း ပိုမိုအသေးစိတ်ကျသော ဥပမာများကို ဤတွင်ဖော်ပြထားပါသည်-

  • သင်ဝယ်ယူထားသော Xiaomi ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင့်အတွက် သက်ဝင်လုပ်ဆောင်ပေးခြင်းနှင့် မှတ်ပုံတင်ပေးခြင်း။

  • သင့် Xiaomi အကောင့်ကို ဖွင့်ခြင်းနှင့် ဆက်လက်ထိန်းသိမ်းထားခြင်း။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များတွင် သို့မဟုတ် ကျွန်ုပ်တို့၏ မိုဘိုင်းစက်များမှတစ်ဆင့် သင် Xiaomi အကောင့်တစ်ခုဖွင့်ချိန်တွင် စုဆောင်းသော ကိုယ်ရေးအချက်အလက်များကို သင့်အတွက် ကိုယ်ပိုင် Xiaomi အကောင့်နှင့် ပရိုဖိုင်စာမျက်နှာ ဖန်တီးရာတွင် သုံးပါသည်။

  • သင့်ဝယ်ယူမှုအမှာစာကို ဆောင်ရွက်ပေးခြင်း။ အွန်လိုင်းရောင်းဝယ်ရေး အမှာစာများနှင့်ပတ်သက်သည့် အချက်အလက်ကို ဝယ်ယူမှုအမှာစာ ဆောင်ရွက်ပေးခြင်းနှင့် ဖောက်သည်ပံ့ပိုးကူညီမှုနှင့် ပြန်လည်ပေးပို့ခြင်းအပါအဝင် သက်ဆိုင်သော ရောင်းချပြီးနောက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းအတွက် သုံးပါသည်။ ထို့အပြင် ပို့ဆောင်ရေးပါတနာထံတွင် အမှာစာကို အပြန်အလှန် တိုက်ဆိုင်စစ်ဆေးရန်နှင့် ပစ္စည်းထုပ်ပို့ဆောင်မှုကို မှတ်တမ်းတင်ရန်အတွက် အမှာစာနံပါတ်ကို သုံးပါမည်။ ပစ္စည်းပို့ဆောင်ရေး ရည်ရွယ်ချက်များအတွက် လက်ခံမည့်သူ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် စာပို့ကုဒ်အပါအဝင် ၎င်း၏အချက်အလက်များကို သုံးပါမည်။ ပစ္စည်းထုပ်ခြေရာခံခြင်း အချက်အလက်များကို သင့်ထံ ပို့ရန် သင့်အီးမေးလ်လိပ်စာကို သုံးပါသည်။ ငွေတောင်းခံလွှာ ပရင့်ထုတ်ရန်နှင့် ပစ္စည်းထုပ်ထဲတွင် ပါဝင်သော ပစ္စည်းများကို ဖောက်သည်က ကြည့်နိုင်ရန် ဝယ်ယူထားသော ပစ္စည်းစာရင်းကို သုံးပါသည်။

  • Xiaomi Community တွင် ပါဝင်ခြင်း။ Xiaomi Community သို့မဟုတ် အခြား Xiaomi အင်တာနက် ပလက်ဖောင်းများနှင့်ဆိုင်သော ကိုယ်ရေးအချက်အလက်များကို ပရိုဖိုင်စာမျက်နှာ ပြသခြင်း၊ အခြားသုံးစွဲသူများနှင့် အပြန်အလှန်တုံ့ပြန်ခြင်း၊ Xiaomi Community တွင် ပါဝင်ခြင်းတို့အတွက် သုံးနိုင်သည်။

  • စနစ်ဝန်ဆောင်မှုများ ပံ့ပိုးခြင်း။ စနစ်ဝန်ဆောင်မှုများကို သက်ဝင်လုပ်ဆောင်ရာတွင် အောက်ဖော်ပြပါ အချက်အလက်ကို သုံးသည်- GAID နံပါတ်၊ IMEI နံပါတ်၊ IMSI နံပါတ်၊ ဖုန်းနံပါတ်၊ စက် ID၊ စက်လည်ပတ်စနစ်၊ MAC လိပ်စာ၊ စက်အမျိုးအစား၊ စနစ်နှင့် စွမ်းဆောင်ရည်အချက်အလက်များ အပါအဝင် စက်နှင့်ဆိုင်သော သို့မဟုတ် SIM ကတ်နှင့်ဆိုင်သော အချက်အလက်များနှင့် မိုဘိုင်းနိုင်ငံကုဒ်၊ မိုဘိုင်းကွန်ရက်ကုဒ်၊ တည်နေရာဒေသကုဒ်နှင့် ဆဲလ်အိုင်ဒီအပါအဝင် တည်နေရာအချက်အလက်များ။

  • သက်ဝင်လုပ်ဆောင်ရာတွင် မအောင်မြင်သောအခါ ချွတ်ယွင်းချက်ရှာဖွေခြင်း။ SIM ကတ် အသက်သွင်းရာတွင် မအောင်မြင်သော အကြောင်းရင်း (ဥပမာ- စာတိုဝန်ဆောင်မှု (SMS) ဂိတ်ဝေးနှင့် ကွန်ရက်ချွတ်ယွင်းချက်) ကို ရယူပြီး ဝန်ဆောင်မှု၏ ကွန်ရက်အော်ပရေတာကို ခွဲခြားဖော်ထုတ်ရန်နှင့် ထိုချွတ်ယွင်းချက်ကို ကွန်ရက်အော်ပရေတာထံ အကြောင်းကြားရန်အတွက် တည်နေရာဆိုင်ရာ အချက်အလက်ကို သုံးပါသည်။

  • အခြား စနစ်ဝန်ဆောင်မှုများ ပံ့ပိုးခြင်း။ စနစ်ဝန်ဆောင်မှုများနှင့်ဆိုင်သော ဒေါင်းလုဒ်လုပ်ခြင်း၊ အပ်ဒိတ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း၊ စီမံဆောင်ရွက်ခြင်း သို့မဟုတ် အကောင်းဆုံးချိန်ညှိခြင်းဆိုင်ရာ လုပ်ဆောင်မှုများကဲ့သို့ Xiaomi စနစ်ဝန်ဆောင်မှု၏ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်နှင့် ဝန်ဆောင်မှု အကောင်းဆုံးချိန်ညှိရေး ပံ့ပိုးပေးရန်အတွက် ယင်းဝန်ဆောင်မှုကို သင်အသုံးပြုသည့်အချိန်တွင် စုဆောင်းထားသော အချက်အလက်များကို သုံးပါသည်။ ဥပမာအားဖြင့် အလှဆင်သွင်ပြင်က စုဆောင်းထားသော ကိုယ်ရေးအချက်အလက်ကို သုံးပြီး သင့်ဒေါင်းလုဒ်လုပ်မှုနှင့် ရှာဖွေကြည့်ရှုမှု မှတ်တမ်းပေါ် အခြေခံ၍ တစ်ဦးချင်းစိတ်ကြိုက် အလှဆင်သွင်ပြင် အကြံပြုချက် ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်သည်။

  • သင့်စက်ကို ရှာဖွေခြင်း။ သင့်စက်ပျောက်သွားပါက သို့မဟုတ် အခိုးခံရပါက Xiaomi ၏ စက်ရှာဖွေရေး လုပ်ဆောင်ချက်သည် ၎င်းကို သင်ရှာဖွေရန်နှင့် လုံခြုံအောင်လုပ်ရန် ကူညီနိုင်သည်။ သင့်စက်၏ တည်နေရာအချက်အလက်များသုံးပြီး စက်ကို မြေပုံတွင်ရှာခြင်း၊ ဒေတာများကို အဝေးမှ လှမ်းဖျက်ခြင်း သို့မဟုတ် စက်ကိုသော့ခတ်ခြင်း ပြုလုပ်နိုင်သည်။ စက်ရှာဖွေရေး လုပ်ဆောင်ချက်ကို သုံးချိန်တွင် တည်နေရာအချက်အလက်ကို စက်မှ ရယူပြီး အချို့အခြေအနေများတွင် ဤအချက်အလက်ကို ဆဲလ်တာဝါတိုင်များ သို့မဟုတ် Wi-Fi ဟော့စပေါ့များမှ ရယူသည်။ ဆက်တင်များ > Xiaomi အကောင့် > Xiaomi ကလောက်ဒ် > စက်ရှာဖွေရေးတွင် ဤလုပ်ဆောင်ချက်ကို အချိန်မရွေး ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်သည်။

  • ဓာတ်ပုံများတွင် တည်နေရာအချက်အလက်ကို မှတ်တမ်းတင်ခြင်း။ ဓာတ်ပုံရိုက်ချိန်တွင် သင့်တည်နေရာအချက်အလက်များကို မှတ်တမ်းတင်နိုင်သည်။ ဤအချက်အလက်ကို သင့်ဓာတ်ပုံဖိုင်တွဲများထဲတွင် ကြည့်နိုင်မည်ဖြစ်ပြီး တည်နေရာကို သင့်ဓာတ်ပုံများ၏ မက်တာဒေတာထဲတွင် သိမ်းဆည်းထားပါမည်။ ဓာတ်ပုံရိုက်နေစဉ် သင့်တည်နေရာကို မှတ်တမ်းမတင်စေလိုပါက စက်၏ကင်မရာဆက်တင်တွင် ၎င်းကို အချိန်မရွေး ပိတ်နိုင်ပါသည်။

  • မက်ဆေ့ချ်လုပ်ဆောင်ချက်များ ပံ့ပိုးခြင်း (ဥပမာ- Mi Talk၊ Mi Message)။ သင်သည် Mi Talk ကို ဒေါင်းလုဒ်လုပ်ပြီး သုံးပါက Mi Talk က စုဆောင်းသော အချက်အလက်များကို ဤဝန်ဆောင်မှုအား အသက်သွင်းရန်၊ သုံးစွဲသူနှင့် မက်ဆေ့ချ်လက်ခံသူအား ခွဲခြားဖော်ထုတ်ရန် သုံးပါမည်။ ထို့အပြင် သုံးစွဲသူတစ်ဦးက အက်ပ်ကို ပြန်ထည့်သွင်းပြီးနောက် ချတ်မှတ်တမ်းပြန်တင်ခြင်း အဆင်ပြေစေရန်နှင့် စက်များအကြား ဆင့်ခ်လုပ်ရန်အတွက် ချတ်မှတ်တမ်းကို သိမ်းပါသည်။ Mi Message အတွက် ဝန်ဆောင်မှုကို အသက်သွင်းပေးနိုင်ရန်နှင့် မက်ဆေ့ချ်ပို့ခြင်းအပါအဝင် ၎င်း၏ အခြေခံလုပ်ဆောင်ချက်ကို ဆောင်ရွက်နိုင်စေရန် ပို့သူနှင့် လက်ခံသူ၏ ဖုန်းနံပါတ်များနှင့် Mi Message ID များကဲ့သို့ အချက်အလက်များကို သုံးနိုင်သည်။

  • တည်နေရာအခြေပြု၀န်ဆောင်မှုများ ပံ့ပိုးခြင်း။ Xiaomi စနစ်ဝန်ဆောင်မှုများကို သုံးနေစဉ် Android ပလက်ဖောင်း၏ တစ်စိတ်တစ်ဒေသအဖြစ် သုံးစွဲသူအတွေ့အကြုံ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်ရေးအတွက် ကျွန်ုပ်တို့က သို့မဟုတ် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများနှင့် လုပ်ငန်းမိတ်ဖက်များက သင့်အား ဝန်ဆောင်မှုပေးနိုင်ရန်နှင့် တည်နေရာအကြောင်း တိကျသော အသေးစိတ်အချက်များ (မိုးလေဝသ အသေးစိတ်အချက်များကဲ့သို့) ပံ့ပိုးပေးနိုင်ရန် တည်နေရာအချက်အလက်ကိုလည်း သုံးနိုင်သည် (အချက်အလက်များကို ပိုမိုသိရှိရန် အောက်တွင်ဖော်ပြထားသော "ကျွန်ုပ်တို့က သင့်ကိုယ်ရေးအချက်အလက်ကို မျှဝေပုံ၊ လွှဲပြောင်းပုံနှင့် လူသိရှင်ကြား ထုတ်ဖော်ပုံ" ကို ကြည့်ပါ)။ ဆက်တင်များတွင် တည်နေရာဝန်ဆောင်မှုများကို ပိတ်နိုင်သည် သို့မဟုတ် အက်ပ်တစ်ခုစီအတွက် တည်နေရာဝန်ဆောင်မှုများသုံးခြင်းကို အချိန်မရွေး ပိတ်နိုင်သည်။

  • ဒေတာ၊ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ စိစစ်လေ့လာမှုဖြင့် သုံးစွဲသူအတွေ့အကြုံ တိုးတက်စေရေး။ သုံးစွဲသူအတွေ့အကြုံ ပရိုဂရမ်ကဲ့သို့ ပါဝင်ရန်ရွေးချယ်နိုင်သည့် လုပ်ဆောင်ချက်အချို့တွင် မိုဘိုင်းဖုန်း၊ Xiaomi စနစ်ဝန်ဆောင်မှုများနှင့် Xiaomi က ပံ့ပိုးသော အခြားဝန်ဆောင်မှုများကို သုံးစွဲသူများ၏ အသုံးပြုပုံဆိုင်ရာ ဒေတာများကို Xiaomi အား စိစစ်လေ့လာခွင့်ပြုသည်။ သို့မှသာ ချွတ်ယွင်းချက်အစီရင်ခံစာများ ပို့ခြင်းကဲ့သို့ သုံးစွဲသူအတွေ့အကြုံ တိုးတက်စေရန် လုပ်ဆောင်နိုင်ပါမည်။ Xiaomi သည် သုံးစွဲသူအတွေ့အကြုံကို ပိုမိုတိုးတက်စေရန် ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ စိစစ်လေ့လာမှုကိုလည်း ဆောင်ရွက်ပါမည်။

  • လုံခြုံရေး လုပ်ဆောင်ချက်ကို ပံ့ပိုးပေးခြင်း။ စုဆောင်းထားသော အချက်အလက်များကို လုံခြုံရေး စကန်၊ ဘက်ထရီချွေတာ၊ ပိတ်ပင်စာရင်း၊ ရှင်းလင်းရေး စသည်တို့ကဲ့သို့ လုံခြုံရေးအက်ပ်အတွင်းရှိ လုံခြုံရေးနှင့် စနစ်ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်များအတွက် အသုံးပြုနိုင်ပါသည်။ ဤလုပ်ဆောင်ချက်များမှ အချို့ကို ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများနှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များက လည်ပတ်ဆောင်ရွက်သည် (အချက်အလက်များကို ပိုမိုသိရှိရန် အောက်တွင်ဖော်ပြထားသော "ကျွန်ုပ်တို့က သင့်ကိုယ်ရေးအချက်အလက်ကို မျှဝေပုံ၊ လွှဲပြောင်းပုံနှင့် လူသိရှင်ကြား ထုတ်ဖော်ပုံ" ကို ကြည့်ပါ)။ ကိုယ်ရေးအချက်အလက်မဟုတ်သော ဗိုင်းရပ်သတ်မှတ်ချက်စာရင်းများကဲ့သို့ အချက်အလက်များကို လုံခြုံရေးစကန် လုပ်ဆောင်ချက်များအတွက် သုံးပါသည်။

  • ပေးပို့ဝန်ဆောင်မှု ပံ့ပိုးပေးခြင်း။ ကြော်ငြာစွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ရန်အပြင် လျှော့ဈေးနှင့် ပရိုမိုးရှင်းများအကြောင်း အချက်အလက်များအပါအဝင် ဆော့ဖ်ဝဲအပ်ဒိတ်များ သို့မဟုတ် ထုတ်ကုန်အသစ်ကြေညာချက်များအကြောင်း အသိပေးချက်များကို စနစ်မှ ပေးပို့နိုင်ရန်အတွက် Xiaomi ပေးပို့ဝန်ဆောင်မှုနှင့် Xiaomi အသိပေးချက် ဝန်ဆောင်မှုများကို စီစဉ်ပံ့ပိုးရန် Xiaomi အကောင့် ID၊ GAID၊ FCM တိုကင်၊ Android ID နှင့် နေရာ ID (အရန်နေရာ လုပ်ဆောင်ချက်ဖွင့်ထားသည့် Xiaomi စက်များတွင်သာ) တို့ကိုလည်း အသုံးပြုပါမည်။ သင့်အား အထက်ပါဝန်ဆောင်မှုပေးနိုင်ရန် သက်ဆိုင်ရာအက်ပ်အချက်အလက်များ (အက်ပ်ဗားရှင်း ID၊ အက်ပ်ပက်ကေ့ချ်အမည်) နှင့် သက်ဆိုင်ရာစက်အချက်အလက်များ (မော်ဒယ်၊ အမှတ်တံဆိပ်) တို့ကိုလည်း စုဆောင်းရယူပါမည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့်/သို့မဟုတ် ရွေးချယ်ထားသော ပြင်ပအဖွဲ့အစည်းများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ကမ်းလှမ်းရန် သို့မဟုတ် ကြော်ငြာရန်အတွက် သင့်ထံသို့ ပေးပို့မက်ဆေ့ချ်များ (ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွင်းမှ မက်ဆေ့ချ်စနစ်ဖြင့်၊ အီးမေးလ်ဖြင့် သို့မဟုတ် အခြားနည်းများဖြင့်) ပို့နိုင်ရန် ရည်ရွယ်၍ သင့်ကိုယ်ရေးအချက်အလက်များကို သုံးနိုင်သည်။ ၎င်းကို သက်ဆိုင်ရာ ဥပဒေများအရ လိုအပ်သည့်နေရာတွင် သင့်သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ပါသည်။ ဆက်တင်များတွင် သင့်ဦးစားပေးမှုများကို ပြောင်းလဲခြင်းဖြင့် သို့မဟုတ် Xiaomi ပေးပို့ဝန်ဆောင်မှုကို သုံးသော ပြင်ပအဖွဲ့အစည်း အက်ပ်/ဝက်ဘ်ဆိုက်မှတစ်ဆင့် သင့်ဦးစားပေးမှုများကို စီမံခြင်းဖြင့် သင်သည် ကျွန်ုပ်တို့နှင့် ပြင်ပအဖွဲ့အစည်းများ၏ ဈေးကွက်ရှာဖွေရေး အချက်အလက်များကို လက်ခံရယူခြင်းမှ ငြင်းပယ်နိုင်သည်။ အောက်တွင်ဖော်ပြထားသော "သင့်အခွင့်အရေးများ" ကို ကြည့်ပါ။

  • သုံးစွဲသူအထောက်အထား စိစစ်အတည်ပြုခြင်း။ Xiaomi သည် သုံးစွဲသူအထောက်အထားကို စိစစ်အတည်ပြုရန်နှင့် ခွင့်ပြုချက်မရှိဘဲ အကောင့်ဝင်ရောက်မှုမဖြစ်အောင် ကာကွယ်ရန် ECV ကို သုံးသည်။

  • သုံးစွဲသူ တုံ့ပြန်အကြံပြုချက်အား စုဆောင်းခြင်း။ သင်ရွေးချယ်ပေးပို့သော တုံ့ပြန်အကြံပြုချက်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တိုးတက်အောင်မွမ်းမံမှုများ ပြုလုပ်ရန် Xiaomi အား ကူညီပေးရာတွင် တန်ဖိုးရှိပါသည်။ သင်ရွေးချယ်ပေးပို့သော တုံ့ပြန်အကြံပြုချက်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲလုပ်ဆောင်ရန် Xiaomi သည် သင်ပေးအပ်ထားသော ကိုယ်ရေးအချက်အလက်ကို အသုံးပြု၍ သင့်ထံ စာဖြင့်ဆက်သွယ်နိုင်ပြီး ဤစာအဆက်အသွယ်မှတ်တမ်းများကို ပြဿနာဖြေရှင်းရေးနှင့် ဝန်ဆောင်မှုမွမ်းမံရေးအတွက် သိမ်းဆည်းထားနိုင်သည်။

  • သတိပေးချက်များ ပေးပို့ခြင်း။ ဝယ်ယူမှုများနှင့်ပတ်သက်သော သတိပေးချက်များ၊ ကျွန်ုပ်တို့၏ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့် မူဝါဒများရှိ ပြောင်းလဲမှုများနှင့်ပတ်သက်သော သတိပေးချက်များကဲ့သို့ အရေးကြီးသော သတိပေးချက်များကို ပို့ရန်အတွက် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို အခါအားလျော်စွာ အသုံးပြုနိုင်သည်။ အဆိုပါအချက်အလက်သည် သင်နှင့် Xiaomi တို့ အပြန်အလှန်ဆက်သွယ်ရာတွင် အလွန်အရေးကြီးသောကြောင့် ဤသတိပေးချက်များကို လက်ခံရယူရန်အတွက် သဘောတူပေးရန် ကျွန်ုပ်တို့က အလေးအနက် အကြံပြုပါသည်။

  • အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်း။ သင်သည် Xiaomi ၏ လူမှုကွန်ရက် ပလက်ဖောင်းများမှတစ်ဆင့် ကံစမ်းမဲ၊ ပြိုင်ပွဲ သို့မဟုတ် အလားတူ အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ပါက ကျွန်ုပ်တို့သည် သင့်ထံ ဆုများပို့ရန်အတွက် သင်ပေးအပ်ထားသော ကိုယ်ရေးအချက်အလက်ကို အသုံးပြုနိုင်သည်။

  • ကြော်ငြာများအပါအဝင် တစ်ဦးချင်းစိတ်ကြိုက် ဝန်ဆောင်မှုများနှင့် အကြောင်းအရာများ ပံ့ပိုးပေးခြင်း။ ကျွန်ုပ်တို့သည် သင့်အား ကြော်ငြာအပါအဝင် တစ်ဦးချင်းစိတ်ကြိုက် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် သင့်ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ရန်အတွက် သင့်အမည်၊ အီးမေးလ် သို့မဟုတ် သင့်ကို တိုက်ရိုက်ခွဲခြားဖော်ထုတ်နိုင်သည့် အခြားအချက်အလက်များကို မသုံးဘဲ သီးသန့်အိုင်ဒီတစ်ခုကိုသာ သုံးပါသည်။

    ကျွန်ုပ်တို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အကြောင်းအရာနှင့် ကြော်ငြာများကို ပံ့ပိုးပေးရန်နှင့် တိုးတက်အောင်လုပ်ရန်အတွက် ဤအချက်အလက်ကို အခြားအချက်အလက်များ (ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ စမတ် TV များနှင့် အခြားချိတ်ဆက်ထားသောစက်များကဲ့သို့ မတူညီသော ဝန်ဆောင်မှုများ သို့မဟုတ် စက်များရှိ အချက်အလက်များ အပါအဝင်) နှင့် ပေါင်းစပ်နိုင်ပါသည်။

    ဥပမာအားဖြင့် Xiaomi အကောင့်လိုအပ်သည့် သင်အသုံးပြုသော ဝန်ဆောင်မှုအားလုံးတွင် သင်၏ Xiaomi အကောင့် အသေးစိတ်အချက်များကို ကျွန်ုပ်တို့အသုံးပြုနိုင်သည်။ ထို့အပြင် သင့်အတွေ့အကြုံနှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တိုးတက်စေရန်အတွက် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာပြီး (လိုအပ်သည့်နေရာ၌) သင့်သဘောတူညီချက်ကို ရယူလျက် ကျွန်ုပ်တို့သည် သင်ထံမှ သို့မဟုတ် သင်နှင့်သက်ဆိုင်သော ထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် ပစ္စည်းကိရိယာအမျိုးမျိုးမှ အချက်အလက်များကို ခွဲခြားရွေးထုတ်ပြီး အညွှန်းတစ်ခု ပြုလုပ်နိုင်သည်။ ထိုအညွှန်းကို အသုံးပြုပြီး အကြံပြုချက်များ၊ စိတ်ကြိုက်အကြောင်းအရာများနှင့် တစ်ဦးချင်းစိတ်ကြိုက် လုပ်ဆောင်ချက်များကို ပံ့ပိုးပေးပါမည်။

    ဥပမာအားဖြင့် ကျွန်ုပ်တို့၏ အက်ပ်များ၊ ဝန်ဆောင်မှုများနှင့်ဆိုင်သော သင်၏လှုပ်ရှားမှုများ၊ အသုံးပြုမှုနှင့် ဦးစားပေးမှုများပေါ် အခြေခံ၍ တစ်ဦးချင်းစိတ်ကြိုက် ကြော်ငြာများကို ပံ့ပိုးပေးပါမည်။ ကျွန်ုပ်တို့သည် အထက်ဖော်ပြပါ အချက်အလက်များကို စိစစ်လေ့လာခြင်း၊ အပိုင်းများ (သီးခြားလက္ခဏာများတူညီသည့် အုပ်စုများ) ဖန်တီးခြင်းနှင့် သင့်ကိုယ်ရေးအချက်အလက်များကို အပိုင်းတစ်ခု သို့မဟုတ် ထို့ထက်ပိုသော အပိုင်းများတွင် ထားရှိခြင်းဖြင့် ပရိုဖိုင်များကို ဖန်တီးပြုလုပ်ပါသည်။ သက်ဆိုင်ရာ ဥပဒေများအရ လိုအပ်သည့်နေရာ၌ သင့်သဘောတူညီချက်ကို ရရှိမှသာ ပစ်မှတ်ထားကြော်ငြာခြင်းကို လုပ်ဆောင်သည်။ သင်သည် မည်သည့်အချိန်တွင်မဆို တစ်ဦးချင်းစိတ်ကြိုက် ကြော်ငြာများ လက်ခံရယူခြင်းမှ ငြင်းပယ်ပိုင်ခွင့်ရှိပြီး တိုက်ရိုက်ဈေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် လုပ်ဆောင်သည်များအပါအဝင် ပရိုဖိုင်စုစည်းဆန်းစစ်ခြင်းကို ကန့်သတ်ပိုင်ခွင့်လည်း ရှိသည်။

    အထက်ဖော်ပြပါ ပေါင်းစည်းမှုအတွက် အကြောင်းရင်းများနှင့် သက်ဆိုင်ရာ ဥပဒေများ၏ ပြဋ္ဌာန်းချက်များအရ ကျွန်ုပ်တို့သည် အဆိုပါအပိုင်းခွဲခြင်းနှင့် တစ်ဦးချင်းစိတ်ကြိုက်ပြုလုပ်ခြင်းအတွက် သီးခြားထိန်းချုပ်မှုနည်းလမ်းများကို သင့်အား ပံ့ပိုးပေးပါမည်။ သင်သည် ကျွန်ုပ်တို့၏ တိုက်ရိုက်ဈေးကွက်ရှာဖွေရေး အကြောင်းအရာများကို လက်ခံရယူခြင်းမှ ငြင်းပယ်ပိုင်ခွင့်ရှိပြီး အလိုအလျောက် ဆုံးဖြတ်ချက်ချခြင်းတွင်လည်း မပါဝင်ရန် ရွေးချယ်ခွင့်ရှိသည်။ ဤအခွင့်အရေးများကို အသုံးချရန်အတွက် သင်သည် ဆက်တင်များ > စကားဝှက်များနှင့် လုံခြုရေး > ကိုယ်ရေးလုံခြုံမှု > ကြော်ငြာဝန်ဆောင်မှုများတွင်လည်းကောင်း၊ ဆက်တင်များ > စကားဝှက်များနှင့် လုံခြုံရေး > စနစ်လုံခြုံရေး > ကြော်ငြာဝန်ဆောင်မှုများတွင်လည်းကောင်း ဤလုပ်ဆောင်ချက်များကို အချိန်မရွေး ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်သည် သို့မဟုတ် https://privacy.mi.com/support မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည် သို့မဟုတ် ထုတ်ကုန်တစ်ခုစီ၏ သီးခြား ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ထိန်းချုပ်ရေးနည်းလမ်းများကို ဖတ်ရှုကိုးကားနိုင်သည်။ အောက်ရှိ အပိုင်း 9 "သင်၏ ဒေတာ ကာကွယ်ရေး အခွင့်အရေးများမှာ မည်သည်တို့ဖြစ်သနည်း" ကိုလည်း ကြည့်ရှုပါ။

4. ကျွန်ုပ်တို့က သင့်ကိုယ်ရေးအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများနှင့် မည်သို့မျှဝေသနည်း။

ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန်အတွက် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို ယုံကြည်စိတ်ချရသော မိတ်ဖက်များ သို့မဟုတ် ဝန်ဆောင်မှုပေးသူများနှင့် မျှဝေနိုင်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ကုန်တစ်ခုကို သင်က မှာယူသည့်အခါ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို သက်ဆိုင်ရာ ပစ္စည်းထုပ်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူထံ မျှဝေပေးပါသည်။ အဆိုပါဝန်ဆောင်မှုပေးသူသည် သင်ဝယ်ယူထားသည်ကို ပေးပို့ရန် စီမံခန့်ခွဲပါမည်။

ထို့အပြင် လိုအပ်သည့် အတိုင်းအတာအထိ Xiaomi သည် သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို အောက်ဖော်ပြပါတို့ထံ ထုတ်ဖော်ပြောကြားပါမည်- သက်ဆိုင်ရာ ဥပဒေနှင့်အညီ ချမှတ်ထားသည့် သီးခြားသတ်မှတ်ချက်များ ရှိပါက ပြည်သူ့အဖွဲ့အစည်းများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာရှိသော အခြားအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ချမှတ်ထားသည့် သီးခြားသတ်မှတ်ချက်များ ရှိပါက တရားရုံးများနှင့် ခုံရုံးများ၊ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ချမှတ်ထားသည့် သီးခြားသတ်မှတ်ချက်များ ရှိပါက ဥပဒေစိုးမိုးရေးအေဂျင်စီများ။

သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့်အခါ Xiaomi သည် သင့်ကိုယ်ရေးအချက်အလက်များကို ထိုအဖွဲ့များထံ ထုတ်ဖော်ပြောကြားပါမည်။ ဤအခြေအနေများထဲမှ တစ်ခုခုတွင် အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများက ၎င်းတို့၏ တရားဝင်ရည်ရွယ်ချက်များ အောင်မြင်ရေး ဆောင်ရွက်ရန်အတွက် လိုအပ်သော အချက်အလက်များကိုသာ ကျွန်ုပ်တို့ ထုတ်ဖော်ပြောကြားပါမည်။

သက်ဆိုင်ရာ ဥပဒေအရ လိုအပ်ပြီး ခွင့်ပြုထားသည့်နေရာတွင် ကျွန်ုပ်တို့၏ ကိုယ်ပိုင်လုပ်ငန်း၊ အခွင့်အရေးများ၊ ပိုင်ဆိုင်မှုများ သို့မဟုတ် ဝန်ဆောင်မှုများကို ကာကွယ်ရန်အတွက်လည်း ကျွန်ုပ်တို့သည် အထက်ပါအဖွဲ့များထံ သင့်ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောကြားပါမည်။

ကျွန်ုပ်တို့၏ စာရင်းကိုင်များ၊ စာရင်းစစ်များ၊ ရှေ့နေများထံ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့မျှဝေနိုင်သည် သို့မဟုတ် ကျွန်ုပ်တို့အား ကျွမ်းကျင်ပညာရှင် အကြံဉာဏ် ပေးအပ်ရန်အတွက် ကျွန်ုပ်တို့ဘက်က တောင်းဆိုသည့်အခါတွင်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေအရ ကျွမ်းကျင်ပညာရှင် ဝန်ဆောင်မှုကို လိုအပ်လာသည့်အခါတွင်ဖြစ်စေ လျှို့ဝှက်ထားရှိရေးဆိုင်ရာ ပရော်ဖက်ရှင်နယ် တာဝန်ဝတ္တရားများဖြင့် ကျွန်ုပ်တို့အား ဝန်ဆောင်မှုပေးသည့် ပြင်ပမှ အခြားကျွမ်းကျင်အကြံပေးများထံ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့မျှဝေနိုင်သည်။

လက်တွေ့ရောင်းချမှုဖြစ်စဉ် သို့မဟုတ် ရောင်းချနိုင်ခြေအလားအလာရှိသည့် ဖြစ်စဉ် သို့မဟုတ် Xiaomi Group ရှိ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်နေသည့် အခြားကော်ပိုရိတ်လုပ်ငန်းဆောင်ရွက်မှု ဖြစ်စဉ်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် အခြားသော ဆက်စပ်ပြင်ပအဖွဲ့အစည်းများထံ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့မျှဝေနိုင်သည်။

ထုတ်ကုန်တစ်ခုချင်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုချင်းစီတွင် ၎င်း၏ကိုယ်ပိုင်လက္ခဏာများ ရှိသောကြောင့် ဤအကြောင်းနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များအတွက် သင်အသုံးပြုနေသော ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ၏ သီးခြား ကိုယ်ရေးလုံခြုံမှု မူဝါဒများကို ဝင်ရောက်ကြည့်ရှုပါ။

5. သင့်ကိုယ်ရေးအချက်အလက်ကို စီမံဆောင်ရွက်ခြင်းအတွက် ဥပဒေဆိုင်ရာ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။

သင့်ကိုယ်ရေးအချက်အလက်များကို ဥပဒေနှင့်အညီ စီမံဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့တွင် တရားဝင်အခြေခံအကြောင်းရင်းတစ်ခုကို လိုအပ်ပါသည်။ သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေရှိ ဥပဒေအရ သက်ရောက်မှုရှိသည့်နေရာ၌ ဤကိုယ်ရေးလုံခြုံမှု မူဝါဒအရ သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ခြင်းအတွက် ဥပဒေဆိုင်ရာ အခြေခံအကြောင်းရင်းများမှာ-

  • စာချုပ်ပါ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန်။ သင်က ပရိုဖိုင်တစ်ခုကို ဖန်တီးချိန်၊ မှတ်ပုံတင်ချိန် သို့မဟုတ် Xiaomi ထုတ်ကုန်များနှင့် ၎င်း၏ဝန်ဆောင်မှုများကို ဝင်ရောက်သုံးစွဲချိန်တွင် သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များကို ထိုဝန်ဆောင်မှုက အဓိကဆုံးဖြတ်ပြီး ထိုဝန်ဆောင်မှုကို သင့်အား ပံ့ပိုးပေးနိုင်ရန်အတွက် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က စီမံဆောင်ရွက်ပါမည်။ သင့်ကိုယ်ရေးအချက်အလက်အချို့ကို မဖြစ်မနေပေးရမည်ဖြစ်ကြောင်း သတိပြုပါ (ဥပမာ- ထိုသို့အမှတ်အသားပြုထားသည့်အခါ သို့မဟုတ် ခရေပွင့်အမှတ်အသားပြထားသည့်အခါ)။ သင်သည် အဆိုပါ ကိုယ်ရေးအချက်အလက်များကို မပေးပါက ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးနိုင်မည်မဟုတ်ပါ။

  • သင့်သဘောတူညီချက်၏ ရလဒ်အနေဖြင့်။ ဤထုတ်ကုန်နှင့် ၎င်း၏ဆက်စပ်ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရေး ရည်ရွယ်ချက်များအတွက် သင်သည် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံ ဆန္ဒအလျောက် ပေးအပ်နိုင်ပါသည်။

  • Xiaomi ၏ တရားဝင်တာဝန်ဝတ္တရားများအပေါ် အခြေခံ၍။ ဒေတာထိန်းချုပ်သူအနေနှင့် Xiaomi သည် တရားဝင်တာဝန်ဝတ္တရားများကို လိုက်နာရပါသည်။ အချို့အခြေအနေများတွင် (ဥပမာ- အငြင်းပွားမှုကြောင့် သို့မဟုတ် ဒေတာကာကွယ်ရေးဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်များ၏ တောင်းဆိုမှု/စုံစမ်းမေးမြန်းမှုအရ သင့်ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းထားခြင်းဖြစ်ပါက) အဆိုပါတာဝန်ဝတ္တရားများကို ကျွန်ုပ်တို့က ကျေပွန်အောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် သင့်ကိုယ်ရေးအချက်အလက်ကို စီမံဆောင်ရွက်ရန် လိုအပ်ပါမည်။

  • တရားဝင်အကျိုးစီးပွားရှိသည့် အတိုင်းအတာအတွင်း။ ရံဖန်ရံခါတွင် သင့်အတွက် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ထည့်သွင်းစဉ်းစားလျက် အောက်ပါတရားဝင်အကျိုးစီးပွားများအတွက် သင့်ကိုယ်ရေးအချက်အလက်ကို စီမံဆောင်ရွက်ရန် လိုအပ်ပါသည်-

    • Xiaomi အတွင်း အချက်အလက်စနစ်လုံခြုံရေး၊ ကွန်ရက်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေး။

    • စနစ်လုံခြုံရေးကို တိုးမြှင့်ရန်၊ အချက်အလက်ခိုးယူသည့် ဝက်ဘ်ဆိုက်၏ လိမ်လည်မှုကို တားဆီးရန်နှင့် အကောင့်လုံခြုံရေး ကာကွယ်ရန်။

    • ကော်ပိုရိတ်လုပ်ငန်းဆောင်ရွက်မှုများ၊ ကြိုတင်စိစစ်မှုနှင့် လုပ်ငန်းတွင်းစာရင်းစစ်ခြင်း (အထူးသဖြင့် အချက်အလက်လုံခြုံရေး နှင့်/သို့မဟုတ် ကိုယ်ရေးလုံခြုံမှုနှင့် စပ်လျဉ်း၍)။

    • ထုတ်ကုန် တီထွင်ဖန်တီးခြင်းနှင့် အဆင့်မြှင့်ခြင်း (Xiaomi အကောင့် ဆက်တင်များ သို့မဟုတ် လုပ်ဆောင်ချက်များကို စိစစ်လေ့လာခြင်းနှင့် အကောင်းဆုံး ချိန်ညှိခြင်း အပါအဝင်)။

6. သင့်ကိုယ်ရေးအချက်အလက်ကို ကာကွယ်ရန် ကျွန်ုပ်တို့၏ လုံခြုံရေးအကာအကွယ်များမှာ မည်သည်တို့ဖြစ်သနည်း။

6.1 Xiaomi ၏ လုံခြုံရေးအကာအကွယ်များ

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထားရှိရန် ကတိပြုပါသည်။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲခြင်း၊ ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် အလားတူအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရန်အလို့ငှာ ကျွန်ုပ်တို့သည် သင့်ထံမှ စုဆောင်းထားသော အချက်အလက်များကို ဥပဒေအရလိုအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ အီလက်ထရောနစ်ပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံးဖြင့် ကာကွယ်ပြီး လုံခြုံအောင်ထားရှိပါသည်။ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို သက်ဆိုင်ရာဥပဒေနှင့်အညီ ကာကွယ်ကြောင်း အာမခံပါမည်။

ဥပမာအားဖြင့် Xiaomi အကောင့်ကို သင်ဝင်ရောက်သုံးစွဲသည့်အခါ သင့်အကောင့်သည် အန္တရာယ်ရှိနေပါက ပိုမိုကောင်းမွန်သော လုံခြုံရေးအတွက် ကျွန်ုပ်တို့၏ နှစ်ဆင့်စိစစ်အတည်ပြုမှု အစီအစဉ်ကို သင် အသုံးပြုရပါမည်။ သင့် Xiaomi စက်မှ ကျွန်ုပ်တို့၏ဆာဗာများထံ ဒေတာ ပေးပို့/လက်ခံသောအခါ ကျွန်ုပ်တို့သည် Transport Layer Security ("TLS") နှင့် အခြားနည်းလမ်းများသုံး၍ ဒေတာများကို ကုဒ်ပြောင်းဝှက်ထားကြောင်း သေချာအောင် လုပ်ဆောင်ပါသည်။

သင့်ကိုယ်ရေးအချက်အလက်အားလုံးကို လုံခြုံသောဆာဗာများတွင် သိမ်းထားပြီး ထိန်းချုပ်ထားသော အဆောက်အအုံများတွင် ကာကွယ်ထားပါသည်။ သင့်အချက်အလက်များကို အရေးပါမှုနှင့် ထိလွယ်ရှလွယ်ဖြစ်မှုအလိုက် အမျိုးအစားခွဲထားသောကြောင့် သင့်ကိုယ်ရေးအချက်အလက်များအတွက် လိုအပ်သော လုံခြုံရေးအဆင့်ကို လက်ခံရရှိကြောင်း အာမခံသည်။ ကျွန်ုပ်တို့တွင် ကလောက်ဒ်အခြေပြု ဒေတာသိုလှောင်ခန်းအတွက် အထူးဝင်ရောက်သုံးစွဲခွင့် ထိန်းချုပ်မှုများရှိပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲမှုနှင့် အသုံးပြုမှုမှန်သမျှမှ ကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အစီအမံများ အပါအဝင် ကျွန်ုပ်တို့၏ အချက်အလက် စုဆောင်းမှု၊ သိမ်းဆည်းမှုနှင့် စီမံဆောင်ရွက်မှု အလေ့အထများကို ပုံမှန်ပြန်လည်သုံးသပ်ပါသည်။

သို့သော် အင်တာနက်အသုံးပြုမှုက အပြည့်အဝစိတ်မချရကြောင်း သင်သတိပြုသင့်ပါသည်။ ထို့ကြောင့် အင်တာနက်မှတစ်ဆင့် သင့်ထံမှ သို့မဟုတ် သင့်ထံသို့ လွှဲပြောင်းသော ကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေး သို့မဟုတ် ယုံကြည်စိတ်ချရမှုကို ကျွန်ုပ်တို့ အာမခံမပေးနိုင်ပါ။

လုပ်ငန်းမိတ်ဖက်များနှင့် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများက သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးနိုင်ကြောင်း သေချာရန်အတွက် ကျွန်ုပ်တို့က ထိုသူများအား ကြိုတင်စိစစ်မှု ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် သင့်လျော်သော စာချုပ်ပါကန့်သတ်ချက်များ ထားရှိပြီး လိုအပ်သည့်နေရာ၌ စာရင်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းများ ဆောင်ရွက်ခြင်းအားဖြင့် ဤပြင်ပအဖွဲ့အစည်းများက သင့်လျော်သော လုံခြုံရေးစံနှုန်းများကို ထိန်းသိမ်းခြင်းရှိ၊ မရှိ စစ်ဆေးပါသည်။ ထို့အပြင် သင့်ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်သုံးစွဲခွင့်ရှိသည့် ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ ကျွန်ုပ်တို့လုပ်ငန်းမိတ်ဖက်များ၏ ဝန်ထမ်းများ၊ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများ၏ ဝန်ထမ်းများသည် သက်ရောက်ပြဋ္ဌာန်းနိုင်သည့် စာချုပ်ပါ လျှို့ဝှက်ထားရှိရေး တာဝန်ဝတ္တရားများကို လိုက်နာရပါသည်။ ကိုယ်ရေးအချက်အလက်ကာကွယ်ရေး၏ အရေးကြီးပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဝန်ထမ်းများ၏ သိရှိနားလည်မှုကို မြှင့်တင်ပေးရန်အတွက် လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်ကာကွယ်မှု သင်တန်းများပေးခြင်းနှင့် စာမေးပွဲစစ်ခြင်းများ ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် လက်တွေ့ဆောင်ရွက်နိုင်သည့် ဥပဒေအရ သတ်မှတ်ထားသော အဆင့်အားလုံးကို ဆောင်ရွက်ပါမည်။

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဒေတာကာကွယ်ရေး ဥပဒေနှင့်အညီ တရားဝင်သတ်မှတ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပါသည်။ ၎င်းတွင် လိုအပ်ပါက သက်ဆိုင်ရာ ဒေတာကာကွယ်ရေး ကြီးကြပ်ရေးအာဏာပိုင်နှင့် ဒေတာပိုင်ရှင်များထံသို့ အကြောင်းကြားခြင်းလည်း ပါဝင်သည်။

6.2 သင်လုပ်နိုင်သည်များ

အခြားဝက်ဘ်ဆိုက်များသို့ စကားဝှက်ပေါက်ကြားပြီး Xiaomi ရှိ သင့်အကောင့် လုံခြုံရေးကို ထိခိုက်စေခြင်းမှ ရှောင်ရှားနိုင်ရန် Xiaomi ဝန်ဆောင်မှုများအတွက် သီးသန့်စကားဝှက်တစ်ခုကို သတ်မှတ်နိုင်ပြီး သင်၏ အကောင့်ဝင်ရန်စကားဝှက် သို့မဟုတ် အကောင့်အချက်အလက်များကို (သင်က သင့်လျော်စွာ ခွင့်ပြုပေးထားသူမဟုတ်လျှင်) မည်သူ့ထံမျှ ထုတ်ဖော်မပြောသင့်ပါ။ ဖြစ်နိုင်လျှင် သင်ရရှိသော အတည်ပြုကုဒ်ကို (Xiaomi သုံးစွဲသူဝန်ဆောင်မှုဟု ပြောသူများအပါအဝင်) မည်သူထံမျှ ထုတ်ဖော်မပြောပြပါနှင့်။ သင်သည် အထူးသဖြင့် အခြားသူတစ်ဦး၏ ကွန်ပျူတာပေါ်တွင် သို့မဟုတ် အများသုံးအင်တာနက်ချိတ်ထားသည့် စက်များပေါ်တွင် ဤပလက်ဖောင်းရှိ Xiaomi အကောင့် သုံးစွဲသူတစ်ဦးအဖြစ် အကောင့်ဝင်သည့်အခါတိုင်း သင်အသုံးပြုပြီးချိန်တွင် အမြဲတမ်း အကောင့်မှ ထွက်ထားသင့်သည်။ သင့်ကိုယ်ရေးအချက်အလက်ကို သီးသန့်ထားရှိရန် သင်၏ပျက်ကွက်မှုကြောင့် ပြင်ပအဖွဲ့အစည်းက သင့်ကိုယ်ရေးအချက်အလက်ကို ဝင်ရောက်သုံးစွဲရာမှ ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ ချွတ်ယွင်းချက်များအတွက် Xiaomi က တာဝန်မယူနိုင်ပါ။ အထက်တွင် မည်သို့ပင်ဆိုထားစေကာမူ အခြားအင်တာနက်သုံးစွဲသူတစ်ဦးဦးက သင့်အကောင့်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် အခြားလုံခြုံရေးကျိုးပေါက်မှု တစ်ခုခုရှိပါက ကျွန်ုပ်တို့ထံ ချက်ချင်းအကြောင်းကြားရပါမည်။ သင့်အကူအညီသည် သင့်ကိုယ်ရေးအချက်အလက်များ၏ လုံခြုံမှုကို ကာကွယ်ရာတွင် အထောက်အကူဖြစ်ပါမည်။

6.3 သင့်စက်ပေါ်ရှိ အခြားလုပ်ဆောင်ချက်များကို ဝင်ရောက်သုံးစွဲခြင်း

ကျွန်ုပ်တို့၏ အပလီကေးရှင်းများသည် သင့်စက်ပေါ်ရှိ အချို့လုပ်ဆောင်ချက်များကို ဝင်ရောက်သုံးစွဲနိုင်ပါသည်။ အပလီကေးရှင်းများကို သင့်စက်ပေါ်တွင် လုပ်ဆောင်ခွင့်ပြုရန်၊ အပလီကေးရှင်းများနှင့် သင်အပြန်အလှန်တုံ့ပြန်နိုင်စေရန်အတွက် ဤအချက်အလက်ကို သုံးပါသည်။ ၎င်းတို့ကို စက်အဆင့်တွင် ပိတ်ခြင်း သို့မဟုတ် https://privacy.mi.com/support မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြင့် သင့်ခွင့်ပြုချက်များကို အချိန်မရွေး ပြန်ရုပ်သိမ်းနိုင်သည်။

7. သင့်ကိုယ်ရေးအချက်အလက်ကို မည်မျှကြာအောင် သိမ်းဆည်းထားမည်နည်း။

များသောအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒများတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် သို့မဟုတ် သက်ဆိုင်ရာ ဥပဒေအရ ပြဋ္ဌာန်းထားသည့်အတိုင်း လိုအပ်သည့်အချိန်ကာလတစ်ခုအထိ ထိန်းသိမ်းထားပါမည်။ သက်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့်အခါ သို့မဟုတ် ခွင့်ပြုထားသည့်အခါမှအပ စုဆောင်းရသည့် ရည်ရွယ်ချက်ပြည့်မီပါက သို့မဟုတ် သင်၏ဖျက်ပစ်ရန်တောင်းဆိုမှုကို ကျွန်ုပ်တို့အတည်ပြုပြီးနောက် သို့မဟုတ် သက်ဆိုင်ရာဝန်ဆောင်မှုများအား လုပ်ဆောင်မှုကို ကျွန်ုပ်တို့ရပ်စဲလိုက်ပြီးနောက်တွင် သင့်ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းခြင်းအား ရပ်တန့်ကာ ၎င်းတို့ကို ဖျက်ပစ်ပါမည် သို့မဟုတ် ပိုင်ရှင်မည်သူမှန်းမသိအောင် ပြုလုပ်ပါမည်။ အကယ်၍ သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် ကိစ္စရပ်မျိုးတွင် သင့်ကိုယ်ရေးအချက်အလက်ကို သီးခြားခွဲထားမည်ဖြစ်ပြီး တရားဝင်တာဝန်များနှင့် သက်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသော အခြားရည်ရွယ်ချက်များအတွက် ဆောင်ရွက်ရခြင်းမှလွဲ၍ ထပ်မံစီမံဆောင်ရွက်ခြင်းပြုမည်မဟုတ်ပါ။ ယင်းကဲ့သို့သော အခြေအနေများတွင်မူ သင့်ကိုယ်ရေးအချက်အလက်များကို သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသော အဖွဲ့အစည်းများသာ အသုံးပြုနိုင်စေရန် ပြုလုပ်ပေးပါမည်။ သက်ဆိုင်ရာ ထိန်းသိမ်းထားမည့်ကာလများ ကုန်လွန်သွားသည်နှင့်တစ်ပြိုင်နက် အဆိုပါ ကိုယ်ရေးအချက်အလက်များကို ဖျက်ပစ်ပါမည် သို့မဟုတ် ပိုင်ရှင်မည်သူမှန်းမသိအောင် ပြုလုပ်ပါမည်။

8. သင့်ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဦးစားပေးမှုများကို မည်သို့ စီမံခန့်ခွဲနိုင်မည်နည်း။

ကိုယ်ရေးလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသည်ကို ကျွန်ုပ်တို့ သိရှိနားလည်ပါသည်။ ထို့ကြောင့် သင့်ကိုယ်ရေးအချက်အလက်များကို စုစည်းရယူခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် စီမံဆောင်ရွက်ခြင်းကို သင် ကန့်သတ်နိုင်ပြီး သင့်ကိုယ်ရေးလုံခြုံမှု ဆက်တင်များကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ၏ ဥပမာများကို ကျွန်ုပ်တို့က ဖော်ပြပေးထားသည်-

  • သင့်စက်တွင် ဆက်တင်များ > Xiaomi အကောင့်၌ဖြစ်စေ၊ https://account.xiaomi.com ၌ အကောင့်ဝင်၍ဖြစ်စေ သင့်အကောင့်လုံခြုံရေး အချက်အလက်၊ ကိုယ်ရေးအချက်အလက်၊ ခွင့်ပြုချက်များနှင့် စက်စီမံခန့်ခွဲမှုတို့ကို ကြည့်ရှုပြီး အပ်ဒိတ်လုပ်နိုင်သည်၊

  • ဤပလက်ဖောင်း၏ အကောင့်အတွင်းရှိ "ကျွန်ုပ်၏ အကောင့် > အချက်အလက်ပြင်ဆင်ရန်" တွင် သင့်အချက်အလက်များကို ကြည့်ရှုပြီး အပ်ဒိတ်လုပ်နိုင်သည်၊

  • ဤပလက်ဖောင်း၏ အကောင့်အတွင်းရှိ "ကျွန်ုပ်၏ အကောင့် > အသိပေးချက် ဦးစားပေးမှုများ" တွင် သင်၏ အသိပေးချက် ဦးစားပေးမှုများကို အပ်ဒိတ်လုပ်နိုင်သည်၊

  • ဝန်ဆောင်မှု သို့မဟုတ် အကောင့်ကို ပယ်ဖျက်နိုင်သည်။ သင်၏ Xiaomi အကောင့်ကို ပယ်ဖျက်လိုပါက ဆက်တင်များ > Xiaomi အကောင့် > အကူအညီ > အကောင့် ဖျက်မည်ရှိ အဆင့်များအတိုင်း လုပ်ဆောင်၍ သို့မဟုတ် https://account.xiaomi.com သို့ သွားရောက်၍ ဖျက်ပစ်နိုင်ပါသည်။

  • သက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့အသုံးပြုခြင်းကို ယခင်က သင်သဘောတူထားပါက https://privacy.mi.com/support တွင် ကျွန်ုပ်တို့ကို ဆက်သွယ်၍ သင့်သဘောထားကို အချိန်မရွေး ပြောင်းလဲနိုင်ပါသည်၊

သင့် Xiaomi အကောင့် သို့မဟုတ် ပရိုဖိုင်ကို ပယ်ဖျက်လိုက်ပါက Xiaomi ထုတ်ကုန်များနှင့် ၎င်း၏ဆက်စပ်ဝန်ဆောင်မှုများကို သင့်အနေဖြင့် အပြည့်အဝ အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း သတိပြုပေးပါ။ သင်၏ သို့မဟုတ် အခြားသူများ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ကျွန်ုပ်တို့က Xiaomi ထုတ်ကုန်နှင့် ဝန်ဆောင်မှု အမျိုးမျိုးကို သင်အသုံးပြုခြင်းအပေါ် အခြေခံ၍ ပယ်ဖျက်ရန်အတွက် သင့်တောင်းဆိုမှုကို ထောက်ခံခြင်းရှိ၊ မရှိ အကဲဖြတ်ပါမည်။

9. သင်၏ ဒေတာကာကွယ်ရေး အခွင့်အရေးများမှာ မည်သည်တို့ဖြစ်သနည်း။

ကျွန်ုပ်တို့ထိန်းသိမ်းထားသည့် သင့်ကိုယ်ရေးအချက်အလက်များနှင့် စပ်လျဉ်း၍ သင့်တွင် အခွင့်အရေးအချို့ ရှိပါသည် (ဤနေရာမှစ၍ "တောင်းဆိုမှု" ဟု ရည်ညွှန်းပါမည်)။ ဤအခွင့်အရေးများသည် သင်အခြေစိုက်သည့် နေရာအလိုက် သက်ဆိုင်ရာ ဒေသတွင်း ဥပဒေအောက်ရှိ သီးခြားချန်လှပ်ခြင်းများနှင့် ခြွင်းချက်များအပေါ် မူတည်မည်ဖြစ်ကြောင်း သတိပြုပါ -

  • ကျွန်ုပ်တို့ထိန်းသိမ်းထားသော သင့်ကိုယ်ရေးအချက်အလက်အကြောင်း အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာကို ဝင်ရောက်ကြည့်ရှုခွင့်/ရယူခွင့်။ ကျွန်ုပ်တို့စီမံဆောင်ရွက်ထားသည့် သင့်ကိုယ်ရေးအချက်အလက်များ၏ မိတ္တူတစ်စုံကို သင်တောင်းဆိုပါက သင့်အား အခမဲ့ ပေးအပ်ပါမည်။ သက်ဆိုင်ရာ အချက်အလက်များအတွက် ထပ်ဆောင်းတောင်းဆိုမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ ဥပဒေနှင့်အညီ အမှန်တကယ် စီမံခန့်ခွဲရေး ကုန်ကျစရိတ်များအပေါ် အခြေခံ၍ သင့်တင့်သော အခကြေးငွေကို ကျွန်ုပ်တို့က ကောက်ခံနိုင်သည်။ မည်သည့်အခြေအနေတွင်မဆို သင့်အနေဖြင့် Xiaomi အကောင့်နှင့်/သို့မဟုတ် ဤပလက်ဖောင်းထဲသို့ ဝင်ရောက်ပြီး ကျွန်ုပ်တို့ထိန်းသိမ်းထားသော သင့်ကိုယ်ရေးအချက်အလက်အချို့ကို စစ်ဆေးကြည့်ရှုနိုင်ကြောင်း မှတ်ထားပေးပါ။

  • သင့်ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ပိုင်ခွင့်။ ကျွန်ုပ်တို့ထိန်းသိမ်းထားသော သင့်အချက်အလက်တစ်ခုခုသည် မှားယွင်းနေပါက သို့မဟုတ် မပြည့်စုံပါက အသုံးပြုမှု ရည်ရွယ်ချက်အပေါ် အခြေခံ၍ သင့်အနေဖြင့် သင့်ကိုယ်ရေးအချက်အလက်ကို ပြင်ဆင်ပိုင်ခွင့် သို့မဟုတ် ဖြည့်စွက်ပိုင်ခွင့် ရှိသည်။ သင့်အနေဖြင့် Xiaomi အကောင့်နှင့်/သို့မဟုတ် ဤပလက်ဖောင်းထဲသို့ ဝင်ရောက်ပြီး သင့်ဒေတာအချို့ကို ပြင်ဆင်နိုင်ကြောင်းလည်း မှတ်ထားပေးပါ။

  • သင့်ကိုယ်ရေးအချက်အလက်များကို ဖျက်ပစ်ပိုင်ခွင့်။ သက်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့တွင် သင့်ကိုယ်ရေးအချက်အလက်ကို ဆက်လက်အသုံးပြုရန် ခိုင်လုံသော အကြောင်းရင်း မရှိပါက ၎င်းကို ဖျက်ပစ်ရန် သို့မဟုတ် ဖယ်ရှားပေးရန် သင့်တွင် တောင်းဆိုပိုင်ခွင့် ရှိသည်။ သင့်ကိုယ်ရေးအချက်အလက်များအား ဖျက်ပစ်ခြင်းကို ဆက်လက်လုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့က သင်၏ ဖျက်ပစ်ရန် တောင်းဆိုမှုနှင့်စပ်လျဉ်းသည့် အကြောင်းရင်းများကို ထည့်သွင်းစဉ်းစားပြီး နည်းပညာဆိုင်ရာ အစီအမံများ အပါအဝင် ကျိုးကြောင်းဆီလျော်သော အဆင့်များကို လုပ်ဆောင်ရပါမည်။ ကျွန်ုပ်တို့က သက်ဆိုင်ရာဥပဒေ (ဥပမာအားဖြင့် အဆိုပါ ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် နစ်နာကြေးတောင်းဆိုနိုင်ခြေများအတွက် သင့်ကိုယ်ရေးအချက်အလက်ကို ထိန်းသိမ်းထားရန် လိုအပ်သည့်အခါ) နှင့်/သို့မဟုတ် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် အချက်အလက်များကို အရန်သိမ်းစနစ်မှ ချက်ချင်း ဖယ်ရှားနိုင်မည် မဟုတ်ကြောင်းကို သတိပြုပါ။ ဤကိစ္စရပ်တွင် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားမည်ဖြစ်ပြီး ထိုအချက်အလက်ကို ဖျက်ပစ်နိုင်သည်အထိ သို့မဟုတ် အမည်မဖော်နိုင်အောင် ပြုလုပ်နိုင်သည်အထိ ၎င်းကို နောက်ထပ်စီမံဆောင်ရွက်ခြင်းမပြုဘဲ သီးခြားခွဲထုတ်ထားပါမည်

  • သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ခြင်းအပေါ် ကန့်ကွက်ပိုင်ခွင့်။ သင့်အခြေအနေနှင့်စပ်လျဉ်းသည့် အကြောင်းရင်းများရှိပါက Xiaomi ၏ တရားဝင် အကျိုးစီးပွား သို့မဟုတ် သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် အခြားတရားဝင်အကြောင်းရင်းများပေါ် အခြေခံသည့် သင့်ကိုယ်ရေးဒေတာကို စီမံဆောင်ရွက်ခြင်းအား သင့်အနေဖြင့် ကန့်ကွက်ပိုင်ခွင့် ရှိသည်။ ထိုသို့စီမံဆောင်ရွက်ခြင်းကို သင်ကန့်ကွက်ပါက ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားခြင်းမရှိလျှင် အဆိုပါ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များအတွက် သင့်ဒေတာများကို စီမံဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ။

  • သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ခြင်းအပေါ် ကန့်သတ်ပိုင်ခွင့်။ ဥပမာအားဖြင့် စီမံဆောင်ရွက်ခြင်းက သင့်နားလည်မှုအရ ဥပဒေနှင့်မညီသော်လည်း သင့်ကိုယ်ရေးအချက်အလက်အား ဖျက်ပစ်ခြင်းကို သင်ကန့်ကွက်သည့်အခါ သင့်ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့ စီမံဆောင်ရွက်ခြင်းကို သင့်အနေဖြင့် ကန့်သတ်ပိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ကိစ္စရပ်များတွင် သင့်သဘောတူညီချက်ဖြင့်၊ ဥပဒေရေးရာ တောင်းဆိုချက်များကို အသုံးချခြင်း သို့မဟုတ် ခုခံချေပခြင်း သို့မဟုတ် သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသော အခြား တရားဝင် ရည်ရွယ်ချက်များ/အကြောင်းရင်းများအတွက်/ယင်းတို့နှင့်အညီသာ သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ပါမည်။

  • ဒေတာလွှဲပြောင်းခွင့်။ ဥပဒေက ပြဋ္ဌာန်းထားသည့် အချို့သောအခြေအနေများတွင် သင်သည် သင်နှင့်သက်ဆိုင်သော ကိုယ်ရေးအချက်အလက်များကို စနစ်တကျဖွဲ့စည်းထားသည့်၊ အသုံးများ၍ စက်ဖြင့်ဖတ်နိုင်သော ဖောမတ်ဖြင့် လက်ခံရရှိပိုင်ခွင့်နှင့်/သို့မဟုတ် ထိုကိုယ်ရေးအချက်အလက်ကို အခြားဒေတာထိန်းချုပ်သူထံသို့ လွှဲပြောင်းပိုင်ခွင့် ရှိသည်။

  • သဘောတူညီချက်ကို ရုပ်သိမ်းပိုင်ခွင့်။ သင့်ကိုယ်ရေးအချက်အလက်ကို စီမံဆောင်ရွက်ခြင်းအတွက် သင့်သဘောတူညီချက်ကို လိုအပ်သည့်ကိစ္စရပ်များတွင် သင်သည် ထိုသဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းနိုင်သည်။ သို့သော် သင့်သဘောတူညီချက်ကို ရုပ်သိမ်းပါက သင်သည် ဤပလက်ဖောင်းနှင့် ၎င်း၏ဆက်စပ်ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုနိုင်မည်မဟုတ်ကြောင်းနှင့်/သို့မဟုတ် အချို့သော အချက်အလက်များ သို့မဟုတ် လုပ်ဆောင်ချက်များကို ရယူသုံးစွဲနိုင်မည်မဟုတ်ကြောင်း သတိပြုပါ။ သင့်သဘောတူညီချက် သို့မဟုတ် ခွင့်ပြုချက်ကို ရုပ်သိမ်းခြင်းသည် ရုပ်သိမ်းသည့်အချိန်မတိုင်ခင်အထိ သဘောတူညီချက်အပေါ် အခြေခံ၍ ဆောင်ရွက်ထားသော ကျွန်ုပ်တို့၏ စုဆောင်းမှုနှင့် စီမံဆောင်ရွက်မှု၏ တရားဝင်မှုကို ထိခိုက်စေမည်မဟုတ်ပါ။

  • သက်ဆိုင်ရာဥပဒေအရ အခြားအခွင့်အရေးများ

သင်သည် ဤပလက်ဖောင်းရှိ သင့်အကောင့်တွင် https://account.xiaomi.com ရှိ သင့် Xiaomi အကောင့်တွင် သို့မဟုတ် သင့်စက်ရှိ သင့် Xiaomi အကောင့်သို့ ဝင်ရောက်ခြင်းဖြင့် အချို့သော ကိုယ်ရေးအချက်အလက်နှင့်ဆိုင်သည့် အသေးစိတ်အချက်အချို့ကို ဝင်ရောက်ကြည့်ရှုနိုင်၊ အပ်ဒိတ်လုပ်နိုင်ပြီး ဖျက်ပစ်နိုင်ကြောင်း သတိပြုပါ။ ထပ်ဆောင်းအချက်အလက်များကို သိရှိလိုပါက ကျွန်ုပ်တို့ထံ စာရေးသားပေးပို့ပါ သို့မဟုတ် https://privacy.mi.com/support မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

10. သင်၏ ဒေတာကာကွယ်ရေး အခွင့်အရေးများကို မည်သို့အသုံးချရမည်နည်း၊ ကျွန်ုပ်တို့ထံ မည်သို့ဆက်သွယ်ရမည်နည်း။

ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်ပတ်သက်၍ သင့်တွင် ထင်မြင်ချက်များ သို့မဟုတ် မေးစရာများရှိလျှင်ဖြစ်စေ၊ သင့်ကိုယ်ရေးအချက်အလက်ကို Xiaomi ၏ စုဆောင်းခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ သင့်တွင် မေးစရာများရှိလျှင်ဖြစ်စေ၊ အထက်ဖော်ပြပါ အပိုင်းနှင့်အညီ သင်၏ ဒေတာကာကွယ်ရေး အခွင့်အရေးများကို အသုံးချလိုလျှင်ဖြစ်စေ https://privacy.mi.com/support သို့ သွားခြင်းဖြင့် သို့မဟုတ် အောက်တွင်ဖော်ပြထားသော လိပ်စာများတွင် ကျွန်ုပ်တို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါသည် (သင့်တောင်းဆိုမှုကို စာဖြင့်ရေးသား၍ တင်ပြရမည်)။ ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်သည့် မေးခွန်းများ သို့မဟုတ် အကြောင်းအရာများကို ဒေါင်းလုဒ်လုပ်ရန် သို့မဟုတ် ဝင်ရောက်သုံးစွဲရန် တောင်းဆိုမှုများကို လက်ခံရရှိသည့်အခါ အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးမည့် ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို ကျွန်ုပ်တို့ထားရှိသည်။ ထိုအဖွဲ့တွင် ဒေတာကာကွယ်ရေးအရာရှိများ (DPO များ) ပါဝင်ပြီး ၎င်းတို့ကို https://privacy.mi.com/support မှတစ်ဆင့် သို့မဟုတ် အောက်ပါစာပို့လိပ်စာများဖြင့် ဆက်သွယ်နိုင်ပါသည်။ သင့်မေးခွန်းကိုယ်၌တွင် သိသာထင်ရှားသော ပြဿနာတစ်ခုပါရှိပါက ကျွန်ုပ်တို့သည် နောက်ထပ်အချက်အလက်များကို သင့်ထံမှ တောင်းဆိုနိုင်သည်။ သင်သည် ကျွန်ုပ်တို့နှင့် တိုင်ပင်ဆွေးနွေးပါက ကျွန်ုပ်တို့သည် သင်၏ လက်တွေ့အခြေအနေအပေါ်မူတည်၍ အသုံးပြုနိုင်သည့် သက်ဆိုင်ရာ တိုင်ကြားချက် ချန်နယ်များအကြောင်း အချက်အလက်များကို ပေးပါမည်။

  • ဥရောပ စီးပွားရေး ဧရိယာ (EEA)၊ UK နှင့် CH ရှိ သုံးစွဲသူများအတွက်-

Xiaomi Technology Netherlands B.V., Prinses Margrietplantsoen 39, 2595 AM, The Hague, The Netherlands

  • အိန္ဒိယရှိ သုံးစွဲသူများအတွက်-

Xiaomi Technology India Private Limited, Building Orchid, Block E, Embassy Tech Village, Outer Ring Road, Devarabisanahalli, Bengaluru, Karnataka - 560103, India

ထိခိုက်လွယ်သော ကိုယ်ရေးဒေတာများ သို့မဟုတ် အချက်အလက်များကို စီမံဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ကွဲလွဲမှုများနှင့် မကျေနပ်ချက်များ ရှိပါက သတ်မှတ်ထားသည့် မကျေနပ်ချက်ဖြေရှင်းရေး အရာရှိထံ အောက်ဖော်ပြပါအတိုင်း အကြောင်းကြားရမည်-

အမည်- Vishwanath C

တယ်လီဖုန်းနံပါတ်- 080 6885 6286၊ တနင်္လာမှ စနေ၊ နံနက် 9 နာရီမှ ညနေ 6 နာရီအထိ

အီးမေးလ်- grievance.officer@xiaomi.com

  • အခြားနိုင်ငံများ/နယ်မြေများရှိ သုံးစွဲသူများအတွက်-

Xiaomi Technologies Singapore Pte. Ltd. 1 Fusionopolis Link #04-02/03 Nexus@one-north, Singapore 138542

Xiaomi က သင့်အထောက်အထားကို စစ်ဆေးပြီး သင်သည် ဒေတာပိုင်ရှင်ဖြစ်ကြောင်း သို့မဟုတ် ဒေတာပိုင်ရှင်ကိုယ်စား တရားဝင်လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် လုံလောက်သော အချက်အလက်များကို သင်ပေးအပ်ထားကြောင်း သေချာပါစေ။ သင့်တောင်းဆိုမှုကို ဆောင်ရွက်နိုင်ကြောင်းအတည်ပြုရန် လုံလောက်သည့် အချက်အလက်များကို ရရှိသည်နှင့်တစ်ပြိုင်နက် သင်နှင့်သက်ဆိုင်သော ဒေတာကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သင့်တောင်းဆိုမှုကို တုံ့ပြန်ရန် ကျွန်ုပ်တို့က ဆက်လက်ဆောင်ရွက်ရပါမည်။

ကျွန်ုပ်တို့သည် အဓိပ္ပာယ်မရှိသော၊ သိသာထင်ရှားစွာ အခြေအမြစ်မရှိသော သို့မဟုတ် အလွန်အကျွံဖြစ်သော တောင်းဆိုမှုများ၊ အခြားသူများ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု ရပိုင်ခွင့်ကို ထိခိုက်စေသော တောင်းဆိုမှုများ၊ အလွန်လက်တွေ့မကျသည့် တောင်းဆိုမှုများ၊ နည်းပညာအရ အချိုးအဆမမျှသော လုပ်ဆောင်ချက်လိုအပ်သည့် တောင်းဆိုမှုများအပြင် ဒေသတွင်း ဥပဒေအရ မလိုအပ်သော၊ အများသိရှိအောင် ကြေညာထားသည့် အချက်အလက်နှင့် စပ်လျဉ်းသော၊ လျှို့ဝှက်အခြေအနေများတွင် ပေးထားသည့် အချက်အလက်နှင့် စပ်လျဉ်းသော တောင်းဆိုမှုများကို ဆောင်ရွက်မပေးရန် ငြင်းခွင့်ရှိသည်။ အဆိုပါ အချက်အလက်ကို ဖျက်ရန် သို့မဟုတ် ဝင်ရောက်ကြည့်ရှုရန် တောင်းဆိုမှုသည် ရှုထောင့်အချို့မှ ကြည့်လျှင် အထက်ဖော်ပြပါ လိမ်လည်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေး ရည်ရွယ်ချက်များအတွက် အဆိုပါအချက်အလက်ကို ကျွန်ုပ်တို့ တရားဝင်အသုံးပြု၍ မရနိုင် ဖြစ်စေမည်ဟု ကျွန်ုပ်တို့က ယူဆလျှင် ၎င်းတောင်းဆိုမှုကိုလည်း ပယ်ချနိုင်သည်။ သင့်တောင်းဆိုမှုကို မလုပ်ဆောင်ရန် ဆုံးဖြတ်ချက်မှန်သမျှနှင့် ဤဆုံးဖြတ်ချက် ချမှတ်ရသည့် အကြောင်းရင်းများကို သက်ဆိုင်ရာဥပဒေအရ လိုအပ်ပါက သင့်ထံ အကြောင်းကြားပါမည်။ ထိုသို့လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့သည် သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသော အချိန်ကာလအတွင်း သင့်ကို အကြောင်းကြားမည်ဖြစ်သည်။

သင်ရရှိသည့် တုံ့ပြန်မှုအပေါ် ကျေနပ်မှုမရှိပါက သင်စိုးရိမ်ပူပန်သည့် အကြောင်းကိစ္စကို သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေရှိ သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်ထံ လွှဲပြောင်းနိုင်သည်။ သင်သည် EEA/UK/CH တွင် နေထိုင်ပါက EEA/UK/CH ရှိ လုပ်ပိုင်ခွင့်ရှိသော အဓိကအာဏာပိုင်များစာရင်းကို ဤနေရာတွင် ရှာဖွေကြည့်ရှုပါ။

11. သင့်ကိုယ်ရေးအချက်အလက်ကို ကမ္ဘာတစ်ဝန်းသို့ မည်သို့လွှဲပြောင်းသနည်း။

Xiaomi သည် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းချုပ်ရေး အခြေခံအဆောက်အအုံမှတစ်ဆင့် ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ခြင်းနှင့် အရန်သိမ်းဆည်းခြင်း ပြုလုပ်သည်။ လက်ရှိတွင် Xiaomi သည် အိန္ဒိယ၊ နယ်သာလန်၊ ရုရှားနှင့် စင်္ကာပူတို့တွင် ဒေတာစင်တာများကို ထားရှိသည်။ ဤကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် သင့်အချက်အလက်များကို ဤဒေတာစင်တာများသို့ သက်ဆိုင်ရာဥပဒေနှင့်အညီ လွှဲပြောင်းနိုင်သည်။

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများ၊ လုပ်ငန်းမိတ်ဖက်များထံသို့လည်း လွှဲပြောင်းနိုင်သည့်အတွက်ကြောင့် သင့်ဒေတာများကို အခြားနိုင်ငံများ သို့မဟုတ် ဒေသများသို့ လွှဲပြောင်းပေးပို့ခြင်းလည်း ရှိနိုင်ပါသည်။ အဆိုပါ ကမ္ဘာလုံးဆိုင်ရာ အဆောက်အအုံများ၊ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများနှင့် လုပ်ငန်းမိတ်ဖက်များ တည်ရှိရာ တရားစီရင်ပိုင်ခွင့်နယ်မြေများသည် သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေအတွင်း ကျင့်သုံးသည့် တူညီသော စံနှုန်းများအတိုင်း ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးနိုင်သည် သို့မဟုတ် ကာကွယ်မပေးခြင်းလည်း ရှိနိုင်သည်။ မတူညီသော ဒေတာကာကွယ်ရေး ဥပဒေများအောက်တွင် မတူညီသော အန္တရာယ်များရှိပြီး ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို နိုင်ငံခြားရှိ အဆောက်အအုံများသို့ လွှဲပြောင်းပြီး ၎င်းနေရာများတွင် သိမ်းဆည်းနိုင်သော်လည်း ယင်းက ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို လိုက်နာရန်နှင့် သင့်ကိုယ်ရေးအချက်အလက်ကို ကာကွယ်ပေးရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို မပြောင်းလဲစေပါ။

အထူးသဖြင့်-

  • ရုရှားဥပဒေအရ ခွင့်ပြုထားသော နယ်စပ်ဖြတ်ကျော်လွှဲပြောင်းမှုများမှလွဲ၍ ရုရှားတွင် ကျွန်ုပ်တို့လုပ်ငန်းဆောင်ရွက်စဉ် ကျွန်ုပ်တို့စုဆောင်းရယူပြီး ထုတ်ပေးထားသည့် ကိုယ်ရေးအချက်အလက်ကို ရုရှားတွင် တည်ရှိသော ဒေတာစင်တာများ၌ စီမံဆောင်ရွက်ပြီး သိမ်းဆည်းထားသည်။

  • အိန္ဒိယတွင် လုပ်ငန်းဆောင်ရွက်စဉ် ကျွန်ုပ်တို့စုဆောင်းရယူပြီး ထုတ်ပေးထားသည့် ကိုယ်ရေးအချက်အလက်ကို အိန္ဒိယတွင် တည်ရှိသော ဒေတာစင်တာများ၌ သိမ်းဆည်းထားသည်။

ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်များကို သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေပြင်ပရှိ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ သို့မဟုတ် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများထံဖြစ်စေ၊ လုပ်ငန်းမိတ်ဖက်များထံဖြစ်စေ လွှဲပြောင်းရန်လိုအပ်ပါက ဆက်စပ်မှုရှိသော သက်ဆိုင်ရာဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့သည် တစ်ပြေးညီ အကာအကွယ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ထိုကဲ့သို့သော လွှဲပြောင်းမှုအားလုံးက သက်ဆိုင်ရာ ဒေသတွင်း ဒေတာကာကွယ်ရေး ဥပဒေသတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း သေချာအောင် လုပ်ဆောင်သည်။ သင်သည် https://privacy.mi.com/support တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြင့် ကျွန်ုပ်တို့ စီစဉ်ထားရှိသော အကာအကွယ်များအကြောင်းကို ရှာဖွေလေ့လာနိုင်သည်။

သင်သည် EEA၊ UK သို့မဟုတ် CH တွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုပါက Xiaomi Technology Netherlands B.V. က ဒေတာထိန်းချုပ်သူအဖြစ် ဆောင်ရွက်ပြီး Xiaomi Technologies Singapore Pte. Ltd. တွင် သင့်ကိုယ်ရေးအချက်အလက်အချို့ကို စီမံဆောင်ရွက်ရန်အတွက် တာဝန်ရှိပါမည်။ Xiaomi သည် EEA၊ ယူကေ သို့မဟုတ် ဆွစ်ဇာလန်၌ သင့်ထံမှ ရရှိသော ကိုယ်ရေးအချက်အလက်များကို EEA၊ ယူကေ သို့မဟုတ် ဆွစ်ဇာလန် ပြင်ပရှိ Xiaomi အုပ်စုဝင် အဖွဲ့အစည်းတစ်ခု သို့မဟုတ် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူ သို့မဟုတ် လုပ်ငန်းမိတ်ဖက်တစ်ဦးထံ မျှဝေပါက (ထပ်ဆောင်းအချက်အလက်များအတွက် အထက်ပါ အပိုင်း 4 ကို ကြည့်ပါ) ဒေသန္တရဥပဒေများသည် ကိုယ်ရေးအချက်အလက်များကို သင့်နိုင်ငံ သို့မဟုတ် ဒေသရှိ စံနှုန်းများအတိုင်း တူညီစွာ ကာကွယ်ပေးနိုင်ခြင်းမရှိလျှင် သင့်အချက်အလက်များကို အမြင့်ဆုံး ဥရောပ စံနှုန်းများဖြင့် ကာကွယ်ပေးရန် Xiaomi က EU စံသတ်မှတ်ထားသော စာချုပ်ပါအပိုဒ်ငယ်များ သို့မဟုတ် GDPR သို့မဟုတ် သက်ဆိုင်ရာ ယူကေ သို့မဟုတ် ဆွစ်ဇာလန် ဥပဒေတွင် ပြဋ္ဌာန်းထားသော အခြားအကာအကွယ်များကို အသုံးပြုပါမည်။

12. အရွယ်မရောက်သေးသူများကို မည်သို့ကာကွယ်ပေးသနည်း။

ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ကလေးများက အသုံးပြုခြင်းအား ကြီးကြပ်ရန်မှာ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ တာဝန်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယူဆသည်။ ကျွန်ုပ်တို့သည် ကလေးများကို တိုက်ရိုက် ဝန်ဆောင်မှုများ မပေးပါ သို့မဟုတ် ဈေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် ကလေးများ၏ ကိုယ်ရေးအချက်အလက်များကို အသုံးမပြုပါ။

သင်သည် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးဖြစ်ပြီး အရွယ်မရောက်သေးသူတစ်ဦးက Xiaomi သို့ ကိုယ်ရေးအချက်အလက်များ ပေးပို့ထားသည်ဟု ယုံကြည်ပါက https://privacy.mi.com/support မှတစ်ဆင့် ကျွန်ုပ်တို့ထံဆက်သွယ်ပြီး အဆိုပါ ကိုယ်ရေးအချက်အလက်ကို ချက်ချင်း ဖယ်ရှားပစ်ကြောင်းနှင့် အရွယ်မရောက်သေးသူအား သက်ဆိုင်ရာ Xiaomi ဝန်ဆောင်မှုများတွင် စာရင်းသွင်းမှုမှန်သမျှမှ ပယ်ဖျက်ပစ်ကြောင်း သေချာအောင်ဆောင်ရွက်ပါ။

13. ပြင်ပအဖွဲ့အစည်း၏ စည်းကမ်းသတ်မှတ်ချက်တစ်ရပ်ရပ်ကို သင်သဘောတူရမည်လား။

ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒသည် ပြင်ပအဖွဲ့အစည်းမှ ပံ့ပိုးပေးသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် မသက်ဆိုင်ပါ။ သင်အသုံးပြုသည့် ဝန်ဆောင်မှုများအပေါ် အခြေခံ၍ ၎င်းသည် ငွေပေးချေမှု စီမံဆောင်ရွက်သည့် ဝန်ဆောင်မှုများ စသည်တို့ကဲ့သို့ ပြင်ပအဖွဲ့အစည်းများ၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပေါင်းစပ်ထည့်သွင်းနိုင်သည်။ ၎င်းတို့အနက် အချို့ကို ပြင်ပအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်လင့်ခ်များ ပုံစံဖြင့် ပံ့ပိုးပေးပြီး အချို့ကို SDK များ၊ API များ စသည့် ပုံစံဖြင့် ဝင်ရောက်သုံးစွဲနိုင်ပါမည်။ ဤထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင် အသုံးပြုသည့်အခါ အဆိုပါ ပြင်ပအဖွဲ့အစည်းများက သင့်အချက်အလက်များကိုလည်း စုစည်းရယူနိုင်ပါသည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့ အထူး အကြံပြုလိုသည်မှာ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒကို သင်ဖတ်ရှုသည့်ပုံစံနည်းတူ ပြင်ပအဖွဲ့အစည်း၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒကိုလည်း အချိန်ပေးဖတ်ရှုရန် ဖြစ်ပါသည်။ ပြင်ပအဖွဲ့အစည်းများက သင့်ထံမှ စုစည်းရယူသော ကိုယ်ရေးအချက်အလက်ကို အသုံးပြုပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့တွင် တာဝန်မရှိသလို ၎င်းအပေါ် ထိန်းချုပ်၍လည်း မရပါ။ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှ လင့်ခ်ချိတ်ထားသော အခြားဝက်ဘ်ဆိုက်များနှင့် မသက်ဆိုင်ပါ။

14. ဤအထွေထွေ ကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒကို ကျွန်ုပ်တို့ မည်သို့ အပ်ဒိတ်လုပ်သနည်း။

ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်း၊ နည်းပညာ၊ သက်ဆိုင်ရာ ဥပဒေနှင့် အလေ့အထကောင်းတို့တွင် ပြောင်းလဲမှုများအပေါ် မူတည်၍ ဤကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒကို ပုံမှန် ပြန်လည်သုံးသပ်ပြီး ဤကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒကို အပ်ဒိတ်လုပ်နိုင်သည်။ ဤကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒတွင် အရေးကြီးသော အပြောင်းအလဲ ပြုလုပ်ပါက ကျွန်ုပ်တို့ စုစည်းရယူသော အချက်အလက်များနှင့် ၎င်းတို့ကို အသုံးပြုပုံအကြောင်းကို သင်လေ့လာသိရှိနိုင်ရန်အတွက် ပေါ့ပ်အပ် ဝင်းဒိုးမှတစ်ဆင့် သို့မဟုတ် သင့် Xiaomi အကောင့်နှင့် သက်ဆိုင်သည့် အီးမေးလ်လိပ်စာသို့ အီးမေးလ်ပေးပို့ခြင်းဖြင့် သို့မဟုတ် တရားဝင်ပြီး ရရှိနိုင်သော အခြားနည်းလမ်းများဖြင့် သင့်အား အသိပေးပါမည်။ ဤကိုယ်ရေးအချက်အလက် လုံခြုံရေး မူဝါဒရှိ ထိုသို့သောအပြောင်းအလဲများသည် အထက်ဖော်ပြပါ အသိပေးချက်တွင် ဖော်ပြထားသည့် စတင်အကျုံးဝင်သည့် ရက်စွဲမှစ၍ အသက်ဝင်ပါမည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး အလေ့အထများနှင့် ပတ်သက်၍ နောက်ဆုံးထွက် အချက်အလက်များကို သိရှိရန်အတွက် ဤစာမျက်နှာအား ပုံမှန် စစ်ဆေးကြည့်ရှုရန် တိုက်တွန်းအပ်ပါသည်။ ထပ်ဆောင်း ကိုယ်ရေးအချက်အလက်များကို သင့်ထံမှ စုစည်းရယူချိန် သို့မဟုတ် သင့်ကိုယ်ရေးအချက်အလက်များကို ရည်ရွယ်ချက်အသစ်များအတွက် အသုံးပြုချိန် သို့မဟုတ် ထုတ်ဖော်ပြောဆိုချိန်တွင် ကျွန်ုပ်တို့သည် ဥပဒေအရ လိုအပ်လျှင် သင်၏ ရှင်းလင်းတိကျသော သဘောတူညီချက်ကို တောင်းခံပါမည်။