Xiaomi အကောင့် ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒ
ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကို ၂၀၂၅၊ မတ်လ ၆ ရက်တွင် ပြန်ပြင်ထားသည်။
ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု အလေ့အထများကို နားလည်ရန်အချိန်ယူလေ့လာပြီး မေးခွန်းများရှိပါက ကျွန်ုပ်တို့ထံဆက်သွယ်ပါ။
ခြုံငုံကြည့်ခြင်း
မိတ်ဆက်
ကိုယ်ရေးကိုယ်တာအချက်အလက်များ အဓိပ္ပါယ်ဖွင့်ဆိုချက်
ဘယ်အချက်အလက်များကို ကျွန်ုပ်တို့ကောက်ယူသလဲ၊ ၎င်းတို့ကို ဘယ်လိုသုံးသလဲ
၃.၁ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကောက်ယူခြင်း
၃.၂ ပြင်ပပါတီများမှ ကောက်ယူသော ကိုယ်ရေးကိုယ်တာအချက်အလက်များ
၃.၃ ကိုယ်ရေးကိုယ်တာမဖော်ထုတ်နိုင်သော အချက်အလက်များ
ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပပါတီများနှင့် ဘယ်လိုမျှဝေသလဲ
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်ခြင်းအတွက် ဥပဒေအခြေခံများ
ထိန်းသိမ်းကာလ
ကိုယ်ရေးအချက်အလက်လုံခြုံမှု စိတ်ကြိုက်များ စီမံခန့်ခွဲခြင်း
သင်၏ ဒေတာကာကွယ်ခွင့်များ
သင်၏ ဒေတာကာကွယ်ခွင့်များကို ကျင့်သုံးခြင်းနှင့် ကျွန်ုပ်တို့ထံဆက်သွယ်ခြင်း
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကမ္ဘာအနှံ့သို့ လွှဲပြောင်းနည်း
သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များပေးရန် တာဝန်
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလိုအလျောက်ဆောင်ရွက်ခြင်း (ပရိုဖိုင်လုပ်ခြင်းအပါအဝင်)
ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကို ဘယ်လိုအပ်ပဒိတ်လုပ်သလဲ
၁။ မိတ်ဆက်
ဤထုတ်ကုန်နှင့် ဆက်စပ်ဝန်ဆောင်မှုများကို Xiaomi Technology Netherlands B.V., Xiaomi Technologies Singapore Pte. Ltd., နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ တွဲဖက်ကုမ္ပဏီများမှ (ဤနေရာမှစ၍ "Xiaomi"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့၏" သို့မဟုတ် "ကျွန်ုပ်တို့ကို" ဟု သုံးပါမည်) သင့်အား Xiaomi အကောင့်ဖွင့်ခွင့်၊ အကောင့်ဝင်ခွင့်နှင့် စီမံခန့်ခွဲခွင့်ပေးရန် ပံ့ပိုးသည်။
ကျွန်ုပ်တို့သည် သင့်ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ကာကွယ်ရန် ကတိပြုပါသည်။ ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒတွင် Xiaomi အကောင့်နှင့် ဆက်စပ်ဝန်ဆောင်မှုများသုံးစဉ် ကျွန်ုပ်တို့ထံ သင်ပေးထားသည့် သို့မဟုတ် ပြင်ပပါတီများအား ကျွန်ုပ်တို့ထံပေးခွင့်ပြုထားသည့် အချက်အလက်မှန်သမျှအား ကျွန်ုပ်တို့မှ ကောက်ယူပုံ၊ အသုံးပြုပုံ၊ သိမ်းထားပုံ၊ လွှဲပြောင်းပုံ၊ ကာကွယ်ပုံနှင့် ဆောင်ရွက်ပုံတို့ကို ရှင်းပြထားပါသည်။ သင်သည် Xiaomi အကောင့်တွင် အကောင့်ဝင်ထားပြီး အခြားထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများသုံးစဉ်က ကောက်ယူအသုံးပြုထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအတွက် သက်ဆိုင်ရာ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများ၏ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒများအကြောင်း အကြံတောင်းနိုင်သည်။ ကျွန်ုပ်တို့၏ လုံခြုံရေးယန္တရားများနှင့် အရွယ်မရောက်သေးသူများဆိုင်ရာ မူဝါဒများအတွက် ထပ်ဆောင်းအချက်အလက်များကို https://privacy.mi.com/all/languages/ တွင် တွေ့နိုင်သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသုံးပြုသူအားလုံးအတွက် အကောင်းဆုံးဖြစ်စေရန် အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားပါမည်။ ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒတွင် အကျဉ်းဖော်ပြထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ ဒေတာကိုင်တွယ်မှု အလေ့အထများအပေါ် မေးခွန်းများရှိပါက https://privacy.mi.com/support မှတစ်ဆင့် ကျွန်ုပ်တို့ထံဆက်သွယ်ပြီး သင်သိလိုသော အချက်များကို ဖော်ပြပေးပါ။ ကျွန်ုပ်တို့ သင့်ထံမှ ကြားရမည်ကို ပျော်ရွှင်စွာဖြင့် မျှော်လင့်ပါသည်။
၂။ ကိုယ်ရေးကိုယ်တာအချက်အလက်များ အဓိပ္ပါယ်ဖွင့်ဆိုချက်
ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒ၏ ရည်ရွည်ချက်အရ "ကိုယ်ရေးကိုယ်တာအချက်အလက်များ" ဆိုသည်မှာ သင့်တရားစီရင်ပိုင်ခွင့်အတွင်းရှိ သက်ဆိုင်ရာဥပဒေများတွင် သီးခြားဖော်ပြထားသည်မှအပ လူတစ်ဦးတစ်ယောက်အား Xiaomi တွင် ရရှိနိုင်သော အချက်အလက်တစ်ခုတည်းမှ သို့မဟုတ် ၎င်းပုဂ္ဂိုလ်အကြောင်း အခြားအချက်အလက်များနှင့် ပေါင်းစပ်ထားသော အချက်အလက်များမှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပုံဖော်ရန်သုံးနိုင်သော အချက်အလက်များကို ဆိုလိုသည်။ "ကိုယ်ရေးကိုယ်တာအချက်အလက်များ" တွင် အမည်၊ ဆက်သွယ်ရန်အချက်အလက်များ၊ ID နံပါတ်၊ တည်နေရာအချက်အလက်များနှင့် (Xiaomi အကောင့် ID ကဲ့သို့) အွန်လိုင်းအထောက်အထားများကဲ့သို့ ပုံဖော်နိုင်သော အချက်အလက်များ ပါဝင်သည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒအတိုင်း အတိအကျလိုက်နာပြီး အသုံးပြုပါမည်။
၃။ ဘယ်အချက်အလက်များကို ကျွန်ုပ်တို့ကောက်ယူသလဲ၊ ၎င်းတို့ကို ဘယ်လိုသုံးသလဲ
၃.၁ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကောက်ယူခြင်း
ကိုယ်ရေးကိုယ်တာအချက်အလက်များ ကောက်ယူခြင်း၏ ရည်ရွယ်ချက်မှာ သင့်အား ထုတ်ကုန်များ နှင့်/သို့မဟုတ် ဝန်ဆောင်မှုများ ပေးရန်ဖြစ်သည်။ ဤအချက်အတွက် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အောက်ပါ ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်ပါမည် -
အကောင့်ဖွင့်ခြင်းနှင့် အကောင့်ဝင်ခြင်း။ အကောင့်တစ်ခုဖွင့်ချိန်တွင် သင်နေထိုင်ရာဒေသနှင့် ဖုန်းနံပါတ် သို့မဟုတ် အီးမေး(လ်)လိပ်စာတစ်ခုကို ကျွန်ုပ်တို့အား ပေးရန်လိုပါမည်။ သင့်အတွက် Xiaomi အကောင့် ID တစ်ခု သတ်မှတ်ပေးပါမည်။ သင့်အကောင့်နှင့် စကားဝှက်ကို ကုဒ်ဖွဲ့ပြီး ကျွန်ုပ်တို့၏ ဆာဗာများတွင် သိမ်းထားပါမည်။ သင့် Xiaomi အကောင့်ကို ခိုးယူခြင်းမှ ကာကွယ်နိုင်ရန်အတွက် သင့်စကားဝှက်အချက်အလက်များကို အခြားသူများနှင့် မျှဝေခြင်းမပြုရန် အလေးအနက် အကြံပြုပါသည်။
အကောင့်အချက်အလက်များဖြည့်ခြင်း။ Xiaomi ဝန်ဆောင်မှု အမျိုးမျိုးကို သုံးစဉ် သင့် Xiaomi အကောင့်ပရိုဖိုင်တွင် ပရိုဖိုင်ပုံ၊ အမည်ပြောင်နှင့် ကျား/မ အပါအဝင် အခြေခံအချက်အလက်များ ဖြည့်ခြင်း၊ လုံခြုံရေးရည်ရွယ်ချက်များအတွက် လျှို့ဝှက်မေးခွန်းတစ်ခု သတ်မှတ်ခြင်းတို့အားဖြင့် ပိုကောင်းသော ဝန်ဆောင်မှုအရည်အသွေးနှင့် အသုံးပြုသူအတွေ့အကြုံတို့ ရနိုင်ပါသည်။ ဤအချက်အလက်ကို မပေးရန် ဆုံးဖြတ်လျှင်လည်း Xiaomi အကောင့် အခြေခံဝန်ဆောင်မှုများနှင့် အင်္ဂါရပ်များကို အသုံးပြုခြင်းအပေါ် ထိခိုက်မှုမရှိပါ။
အကောင့်လုံခြုံရေးအတွက် လိုအပ်သောအင်္ဂါရပ်များ။ ကျွန်ုပ်တို့၏ ထုတ်ကုန် နှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို သင်အသုံးပြုချိန်တွင် စနစ်လုံခြုံရေး တိုးမြှင့်ရန်၊ အလိမ်အညာဝက်ဘဆိုက်များကို တားဆီးရန်နှင့် အကောင့်လုံခြုံရေးကို ကာကွယ်ရန်တို့အတွက် ကျွန်ုပ်တို့က SMS အတည်ပြုစနစ်မှတစ်ဆင့်သာမက လိုအပ်လျှင် ဒုတိယအတည်ပြုစနစ်ကပါ သင့်အထောက်အထားကို စိစစ်ပါမည်။ ဤအချက်အတွက် ကျွန်ုပ်တို့က SMS အတည်ပြုကုဒ်များနှင့် ဒုတိယအတည်ပြုကုဒ်များကို ကောက်ယူပါမည်။
IT နှင့် လုပ်ဆောင်ချက်ဆိုင်ရာ အချက်အလက်များ။ ကျွန်ုပ်တို့သည် သင်အကောင့်အသစ်ဖွင့်ချိန်/ အကောင့်ဝင်ချိန်၊ (IMEI/OAID (Android Q တွင်)</0>၊ စက်မော်ဒယ်နှင့် စက်လည်ပတ်စနစ်ဗားရှင်းကဲ့သို့) စက်နှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် (အကောင့်ဝင်ချိန် ယေဘုယျသုံးသည့် IP လိပ်စာကဲ့သို့) ကွန်ရက်အချက်အလက်များကိုလည်း အကောင့်ဖွင့် သို့မဟုတ် အကောင့်ဝင် ပတ်ဝန်းကျင် လုံခြုံမှုရှိမရှိ စိစစ်ရန်အတွက် ကောက်ယူပါမည်။
စစ်တမ်းတွင် ပါဝင်ခြင်း။ ကျွန်ုပ်တို့စီစဉ်သော စစ်တမ်းများတွင် ပါဝင်ချိန်၌ စစ်တမ်းတစ်ခုစီတွင် ဖြည့်ခိုင်းသည့် ကိုယ်ရေးကိုယ်တာအချက်အလက်အမျိုးအစားများ (ဥပမာ - အသက်အပိုင်းအခြား၊ ကျား/မ၊ နေထိုင်ရာ နိုင်ငံ သို့မဟုတ် ဒေသ၊ အလုပ်အကိုင်၊ ဝင်ငွေအပိုင်းအခြား စသည်) တို့ကို စစ်တမ်းဖွင့်ချိန်တွင် သင်ကြည့်နိုင်ရန် အမြဲရရှိနိုင်ပါမည်။ ပါဝင်လိုခြင်းမရှိတော့လျှင် စစ်တမ်းကို မတင်မီ စစ်တမ်းမှ အချိန်မရွေး ထွက်နိုင်သည်။ စစ်တမ်းဖြေစဉ် ကိုယ်ရေးကိုယ်တာအချက်အလက်များပေးချိန်၌ "မဖော်ပြလိုပါ" သို့မဟုတ် သက်ဆိုင်ရာအဖြေကို ရွေးနိုင်သည်။
**ပရိုမိုးရှင်းလှုပ်ရှားမှုများတွင် ပါဝင်ခြင်း။**Xiaomi မှ ပံ့ပိုးသော ပလက်ဖောင်းတစ်ခုခုမှတစ်ဆင့် ပရိုမိုးရှင်း သို့မဟုတ် ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ရန် စာရင်းသွင်းပါက လှုပ်ရှားမှုတစ်ခုစီအတွက် တောင်းဆိုသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့က ဆောင်ရွက်ပါမည် (ဥပမာ - အမည်၊ အီးမေး(လ်)လိပ်စာ၊ ဖုန်းနံပါတ်၊ နေထိုင်ရာမြို့)။
၃.၂ ပြင်ပပါတီများမှ ကောက်ယူသော ကိုယ်ရေးကိုယ်တာအချက်အလက်များ
Xiaomi ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ သုံးခြင်းဖြင့် ကိုယ်ရေးအချက်အလက်များကို Xiaomi အကောင့်မှတစ်ဆင့် ကြိုတင်ပံ့ပိုးနိုင်သည်။ သင့် Xiaomi အကောင့်ကို ပိုမိုလွယ်ကူစွာ အကောင့်ဝင်နိုင်ရန်နှင့် အကောင့်အချက်အလက်များ ဖြည့်နိုင်ရန် ပြင်ပပါတီအကောင့်တစ်ခုခု (ဥပမာ Google အကောင့်၊ Facebook၊ Apple အကောင့်) ကို သင့် Xiaomi အကောင့်နှင့် တွဲခွင့်ပေးနိုင်သည်။ သင့်သဘောတူခွင့်ပြုချက်အရ သင့်အမည်ပြောင်၊ ဓာတ်ပုံများ၊ အီးမေး(လ်)လိပ်စာနှင့် အခြားအချက်အလက်များကို ပြင်ပပါတီအကောင့်မှ သင့် Xiaomi အကောင့်သို့ ကျွန်ုပ်တို့က ဆင့်(ခ်)လုပ်ပါမည်။
ကျွန်ုပ်တို့သည် သင့်အချက်အလက်များ၏လုံခြုံရေးအတွက် ကုဒ်ဖွဲ့ခြင်းကဲ့သို့ နည်းလမ်းများဖြင့် အာမခံမည်ဖြစ်သော်လည်း ပြင်ပပါတီများက သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကိုင်တွယ်ခြင်းကမူ သက်ဆိုင်ရာ ပြင်ပပါတီ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု မူဝါဒအပေါ် မူတည်ပါသည်။ ဤအကြောင်းကြောင့် ပြင်ပပါတီ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကိုလည်း ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကို ဖတ်ရှုသကဲ့သို့ ဖတ်ရှုရန် တိုက်တွန်းပါသည်။ ပြင်ပပါတီများအတွက် ခွင့်ပြုချက်များကို https://account.xiaomi.com/ ရှိ "အကောင့်များနှင့် ခွင့်ပြုချက်များ" တွင် အချိန်မရွေး ရုပ်သိမ်းနိုင်သည်။
၃.၃ ကိုယ်ရေးကိုယ်တာမဖော်ထုတ်နိုင်သော အချက်အလက်များ
ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ချိတ်ဆက်မှုမရှိသော သက်ဆိုင်ရာဥပဒေများအရ ကိုယ်ရေးကိုယ်တာအချက်အလက်အဖြစ် သတ်မှတ်မရသော အခြားအမျိုးအစားအချက်အလက်များကိုလည်း ကောက်ယူပါမည်။ ဤအချက်အလက်များကို ကိုယ်ရေးကိုယ်တာမဖော်ထုတ်နိုင်သော အချက်အလက်များဟု သတ်မှတ်သည်။ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာမဖော်ထုတ်နိုင်သော အချက်အလက်များကို ကောက်ယူ၊ အသုံးပြု၊ လွှဲပြောင်း၊ ဖွင့်ထုတ်ပြီး တစ်နည်းအားဖြင့် ဆောင်ရွက်နိုင်ပါသည်။ ဤအချက်အလက်များတွင် အချို့သောဝန်ဆောင်မှုကို သင်သုံးချိန်၌ ထုတ်ပေးသော နေ့စဉ်သုံးစွဲနှုန်း၊ စာမျက်နှာဝင်ကြည့်နှုန်း၊ စာမျက်နှာဝင်ကြည့်သည့်ကြိမ်ရေနှင့် ဆက်ရှင်ဖြစ်ရပ်များကဲ့သို့ ကိန်းဂဏန်းဒေတာများ (ဤအချက်အလက်များသည် သင့်အားဖော်ထုတ်နိုင်ခြင်းမရှိလျှင်) နှင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို သုံးစဉ် ထုတ်ပေးသော အပြန်အလှန်ဆက်သွယ်မှုနှင့် အမှားအယွင်းမှတ်တမ်းများ ပါဝင်နိုင်သည်။ ထိုသို့ကောက်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ပံ့ပိုးသော ဝန်ဆောင်မှုများ - ဥပမာ - အမှားအယွင်းများပြင်ခြင်းကို တိုးတက်စေရန်ဖြစ်သည်။ ကောက်ယူသောအချက်အလက် အမျိုးအစားနှင့် ပမာဏသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို သင်အသုံးပြုပုံအပေါ် မူတည်သည်။ ကျွန်ုပ်တို့သည် ဤအချက်အလက်များကို ပေါင်းစည်းရယူသည်။ ၎င်း၏ ပေါင်းစည်းထားသောပုံစံဖြင့် ဒေတာသည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်မဟုတ်သည့်အပြင် သင့်အထောက်အထားကို အတည်ပြုရန်လည်း သုံးမရပါ။ မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာမဖော်ထုတ်နိုင်သော အချက်အလက်များကို ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ပေါင်းထားသည်ဆိုပါက ၎င်းအချက်အလက်များကို ပေါင်းထားသရွေ့ကာလအတွင်း ကိုယ်ရေးကိုယ်တာအချက်အလက်များအဖြစ် သဘောထားပါမည်။
၄။ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပပါတီများနှင့် ဘယ်လိုမျှဝေသလဲ
ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒတွင် ဖော်ပြထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အခိုင်အမာ ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့သည် လိုအပ်သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို အောက်ပါတို့ အပါအဝင် Xiaomi တွဲဖက်များ၊ ဝန်ဆောင်မှုပေးသူများ၊ လုပ်ငန်းပါတနာများ၊ အခြားပြင်ပပါတီများနှင့် မျှဝေနိုင်သည် -
ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များကို ရရှိရန်အတွက် သင်က ပြင်ပပါတီ ဝက်ဘဆိုက် သို့မဟုတ် အက်(ပ်)တစ်ခုသို့ အကောင့်ဝင်ရန် Xiaomi အကောင့်ကို သုံးချိန်၌ ၎င်းပြင်ပပါတီအက်(ပ်) သို့မဟုတ် ဝန်ဆောင်မှုက အလွယ်တကူအကောင့်ဝင်နိုင်ရန်၊ အဆင့်မြှင့်အကောင့်အင်္ဂါရပ်များ ပံ့ပိုးနိုင်ရန်နှင့် ပရိုဖိုင်အချက်အလက်များကို အလိုအလျောက်ဖြည့်နိုင်ရန် ကျွန်ုပ်တို့သည် သင့်ခွင့်ပြုချက်နှင့် ထောက်ခံချက်အရ သင့်အမည်ပြောင်၊ ပရိုင်ဖိုင်ပုံ၊ အီးမေး(လ်)လိပ်စာနှင့် အခြားအချက်အလက်များကို (ပြင်ပပါတီ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များ၏ သဘာဝအပေါ်မူတည်ပြီး) ၎င်းပြင်ပပါတီနှင့် (ဥပမာ - Google အကောင့်၊ Facebook၊ Apple အကောင့်) မျှဝေပါမည်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပပါတီများက ဖတ်ခြင်းကို ခွင့်မပြုလိုပါက ခွင့်ပြုချက်မပေးပါနှင့်။
Xiaomi အကောင့်အတွက် ဝန်ဆောင်မှုအကြောင်းအရာတစ်စိတ်တစ်ပိုင်းကို ပြင်ပပါတီ ဝန်ဆောင်မှုပံ့ပိုးသူများထံမှ ပံ့ပိုးသည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်အချို့ကို ဤဝန်ဆောင်မှုပံ့ပိုးသူများထံ ပေးရပါသည်။ ကျွန်ုပ်တို့သည် အောက်တွင်ဥပမာပြထားသော အခြေအနေများ၌ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပပါတီဝန်ဆောင်မှုပံ့ပိုးသူများနှင့် မျှဝေနိုင်သည်။ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အဆိုပါပြင်ပပါတီများနှင့် မျှဝေပါက သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်မှုဆိုင်ရာ လုံခြုံရေးအတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကုဒ်ဖွဲ့ခြင်းနှင့် အခြားအရာများအကန့်အသတ်မရှိ အပါအဝင် သင့်လျော်သော အစီအမံများ ပြုလုပ်ပါမည်။ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များမျှဝေသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ ဒေတာလုံခြုံရေးပတ်ဝန်းကျင်ကို ကျိုးကြောင်းဆီလျော်စွာ စစ်ဆေးပြီး ၎င်းတို့နှင့် ဒေတာဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ထိုးပါသည်။ ကျွန်ုပ်တို့သည် ပြင်ပပါတီများအား သင့်အချက်အလက်များကို ကာကွယ်ရန်နှင့် သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များကို တင်းကျပ်စွာလိုက်နာရန်အတွက် လုံလောက်သောအစီအမံများ ဆောင်ရွက်ရန် လိုအပ်ပါမည်။
အများပြည်သူအုပ်ချုပ်ရေးများ၊ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရ သီးခြားလိုအပ်ချက်များရှိပါက။
တရားရုံးများနှင့် ခုံရုံးများ၊ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရ သီးခြားလိုအပ်ချက်များရှိပါက။
တရားဥပဒေစိုးမိုးရေးအေဂျင်စီများ၊ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရ သီးခြားလိုအပ်ချက်များရှိပါက။
၅။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်ခြင်းအတွက် ဥပဒေအခြေခံများ
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့တွင် အခြေခံဥပဒေတစ်ခု လိုအပ်ပါသည်။ သင့်တရားစီရင်ပိုင်ခွင့်ရှိ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ချိန်၌ ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒအရ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်နိုင်သည့် အခြေခံဥပဒေများမှာ -
သဘောတူညီမှုဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန်။ သင်က ပရိုဖိုင်ဖန်တီးချိန် သို့မဟုတ် အကောင့်ဖွင့်ချိန် သို့မဟုတ် Xiaomi ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝင်ချိန်တွင် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်မည့် ရည်ရွယ်ချက်များအား ၎င်းဝန်ဆောင်မှုက ပမာဏဆုံးဖြတ်ပြီး ကျွန်ုပ်တို့က ၎င်းဝန်ဆောင်မှုကို သင့်ထံပေးနိုင်ရန်အတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်ပါမည်။ အချို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို မဖြစ်မနေပေးရမည်ဖြစ်ကြောင်း သတိပြုပါ (ဥပမာ - ထိုသို့အမှတ်အသားပြုထား သို့မဟုတ် ကြယ်ပွင့်ပြထားလျှင်)။ အဆိုပါ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မပေးလိုပါက ကျွန်ုပ်တို့၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ပံ့ပိုးနိုင်မည်မဟုတ်ပါ။
သင့်သဘောတူခွင့်ပြုချက် ရလဒ်အရ။ သင်သည် ကျွန်ုပ်တို့အား ဤထုတ်ကုန်နှင့် ၎င်းဆက်စပ်ဝန်ဆောင်မှုများကို ပံ့ပိုးခွင့်ပြုနိုင်မည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးမပေး ရွေးချယ်နိုင်သည်။ ဥပမာ - သင်သည် ကျွန်ုပ်တို့အား အရန်ဖုန်းနံပါတ်ပေးနိုင်သည် သို့မဟုတ် ပရိုဖိုင်ပုံတင်နိုင်သည်။
Xiaomi ၏ ဥပဒေတာဝန် အခြေခံအရ။ Xiaomi သည် ဒေတာထိန်းချုပ်သူတစ်ဦးအနေနှင့် ဥပဒေတာဝန်များကို လိုက်နာရပါမည်။ အချို့အခြေအနေများတွင် (ဥပမာ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အငြင်းပွားမှု သို့မဟုတ် ဒေတာကာကွယ်ရေးဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်များ၏ တောင်းဆိုချက်အရ သိမ်းဆည်းထားခြင်းဖြစ်ပါက) အဆိုပါတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့က ဆောင်ရွက်ရန် လိုပါမည်။
**တရားဝင်အကျိုးစီးပွား ဘောင်အတွင်း။**တစ်ခါတစ်ရံ သင့်ကိုယ်ရေးအချက်အလက်လုံခြုံမှုအပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေရန် စဉ်းစားခြင်းအားဖြင့် အောက်ပါတရားဝင်အကျိုးစီးပွားများအတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့က အသုံးပြုရန် လိုအပ်နိုင်သည် -
Xiaomi အတွင်း အချက်အလက်စနစ်လုံခြုံရေး၊ ကွန်ရက်လုံခြုံရေးနှင့် ဆိုင်ဘာလုံခြုံရေး။
စနစ်လုံခြုံရေးတိုးမြှင့်ရန်၊ အလိမ်အညာဝက်ဘဆိုက်ကာကွယ်ရန်နှင့် အကောင့်လုံခြုံရေး ကာကွယ်ရန်။
ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝီရိယထား ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းတွင်းစာရင်းစစ်ခြင်းများ (အထူးသဖြင့် အချက်အလက်လုံခြုံရေးနှင့်/သို့မဟုတ် ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် သက်ဆိုင်သော)။
ထုတ်ကုန် တိုးမြှင့်ခြင်းနှင့် အဆင့်မြှင့်ခြင်း (Xiaomi အကောင့် ဆက်တင်များ သို့မဟုတ် အင်္ဂါရပ်များ စိစစ်ရေးနှင့် အဆင့်မြှင့်ခြင်း အပါအဝင်)။
၆။ ထိန်းသိမ်းကာလ
ယေဘုယျစည်းမျဉ်းများအရ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒတွင် ဖော်ပြထားသော သို့မဟုတ် သက်ဆိုင်ရာဥပဒေအရ လိုအပ်သည့်အချိန်ကာလတစ်ခုအထိ ထိန်းသိမ်းထားပါမည်။ သက်ဆိုင်ရာဥပဒေအရ လိုအပ် သို့မဟုတ် ခွင့်ပြုချိန်မှအပ ကောက်ယူရခြင်းရည်ရွယ်ချက် ပြည့်စုံလျှင်၊ သို့မဟုတ် သင်၏ဖျက်ပေးရန် တောင်းဆိုမှုကို အတည်ပြုပြီးလျှင်၊ သို့မဟုတ် ကျွန်ုပ်တို့က သက်ဆိုင်ရာ ဝန်ဆောင်မှုများကို ရပ်ဆိုင်းပြီးလျှင် ကိုယ်ရေးကိုယ်တာအချက်အလက်ကို ထိန်းသိမ်းခြင်းမှ ရပ်ပြီး ဖျက်လိုက်မည် သို့မဟုတ် အမည်မဲ့အဖြစ် ပြုလုပ်ပါမည်။ ဤအခြေအနေတွင် တရားဝင်တာဝန်ဝတ္တရားများကို လိုက်နာရန်နှင့် သက်ဆိုင်ရာဥပဒေအရ ခွင့်ပြုထားသော အခြားရည်ရွယ်ချက်များမှအပ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များအား သီးခြားခွဲထုတ်မည်ဖြစ်ပြီး နောက်ထပ်ဆောင်ရွက်မည်မဟုတ်ပါ။ အဆိုပါအခြေအနေများတွင် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သက်ဆိုင်ရာဥပဒေအရ ခွင့်ပြုထားသော ပါတီများသို့ အထူးရယူခွင့်ပေးပါမည်။ သက်ဆိုင်ရာ ထိန်းသိမ်းထားရှိခြင်းကာလကျော်လွန်သည်နှင့် အဆိုပါ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်လိုက်မည် သို့မဟုတ် အမည်မဲ့အဖြစ် ပြုလုပ်ပါမည်။
၇။ ကိုယ်ရေးအချက်အလက်လုံခြုံမှု စိတ်ကြိုက်များ စီမံခန့်ခွဲခြင်း
ကိုယ်ရေးအချက်အလက်လုံခြုံမှုအပေါ် စိုးရိမ်မှုများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ထို့ကြောင့် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူပုံ၊ အသုံးပြုပုံ၊ ဖွင့်ထုတ်ပုံ သို့မဟုတ် ဆောင်ရွက်ပုံဆိုင်ရာ နည်းလမ်းများနှင့် သင့်ကိုယ်ရေးအချက်အလက်လုံခြုံမှုဆက်တင်များ ထိန်းချုပ်ရန်နည်းလမ်းများကို ကျွန်ုပ်တို့က နမူနာအချို့ ပေးထားပါသည် -
အကောင့်လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ခွင့်ပြုချက်များနှင့် ဒေတာစီမံခန့်ခွဲရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်တင် > Xiaomi အကောင့် သို့မဟုတ် https://account.xiaomi.com တွင် အကောင့်ဝင်ပြီး ဖတ်နိုင်၊ အပ်ပဒိတ်လုပ်နိုင်သည်။
သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အထက်တွင် ဖော်ပြထားသော အကြောင်းအရာများတွင် အသုံးပြုရန် ယခင်က သဘောတူပြီးဖြစ်သော်လည်း သဘောမတူလိုသောအခါ https://account.xiaomi.com တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီး အချိန်မရွေး ဖျက်သိမ်းနိုင်သည်။
Xiaomi အကောင့်ကို ဖျက်သိမ်းလိုပါက ဆက်တင် > Xiaomi အကောင့် > အကူအညီ > အကောင့်ဖျက်ရန်ရှိ အဆင့်များအတိုင်း ပြုလုပ်ခြင်းဖြင့်လည်းကောင်း https://account.xiaomi.com သို့ သွားခြင်းဖြင့်လည်းကောင်း ဆောင်ရွက်နိုင်သည်။
သင့် Xiaomi အကောင့်ကို ဖျက်သိမ်းခြင်း၊ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်ခြင်းဖြင့် Xiaomi ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အပြည့်အစုံ အသုံးပြုခွင့်မှ တားဆီးနိုင်ကြောင်း သတိပြုပါ။ သင် သို့မဟုတ် အခြားသူများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးအမြတ်တို့ကို ကာကွယ်ရန်အတွက် သင်၏ Xiaomi ထုတ်ကုန်နှင့် ဝန်ဆောင်မှုအမျိုးမျိုး အသုံးပြုပုံအပေါ်မူတည်ပြီး ဖျက်သိမ်းရန်တောင်းဆိုမှုကို ပံ့ပိုးခြင်းပြုမပြု ကျွန်ုပ်တို့ကဆုံးဖြတ်ပါမည်။
၈။ သင်၏ ဒေတာကာကွယ်ခွင့်များ
ကျွန်ုပ်တို့ရယူထားသည့် သင်နှင့် ပတ်သက်သော ကိုယ်ရေးကိုယ်တာအချက်အလက်များအတွက် သင့်တွင် အခွင့်အရေးအချို့ ရှိပါသည် (ဤနေရာမှစ၍ "တောင်းဆိုမှု" ဟု သုံးပါမည်)။ ဤအခွင့်အရေးများသည် သင်အခြေစိုက်သည့် နေရာအလိုက် သက်ဆိုင်ရာ ဒေသန္တရဥပဒေအောက်ရှိ သီးခြားချန်လှပ်ခြင်းများနှင့် ခြွင်းချက်များအပေါ် မူတည်ကြောင်း သတိပြုပါ -
ကျွန်ုပ်တို့ရယူထားသော သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ အသေးစိတ်ရီပို့တစ်စောင်ကို ဖတ်ခွင့်/ရယူခွင့်။ ကျွန်ုပ်တို့ဆောင်ရွက်သည့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင်တောင်းဆိုလျှင် မိတ္တူတစ်စောင် အခမဲ့ပေးပါမည်။ သက်ဆိုင်ရာ အချက်အလက်များအပိုတောင်းဆိုမှုမှန်သမျှအတွက် သက်ဆိုင်ရာ ဥပဒေများအရ အမှန်တကယ် စီမံခန့်ခွဲမှု ကုန်ကျစရိတ်အပေါ် အခြေခံပြီး သင့်တင့်သော အခကြေးငွေကို ကျွန်ုပ်တို့က ကောက်ခံပါမည်။ ကျွန်ုပ်တို့ရယူထားသော သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကြည့်နိုင်ရန် သင့် Xiaomi အကောင့်သို့လည်း အကောင့်ဝင်နိုင်သည်။
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ဆင်ခွင့်။ ကျွန်ုပ်တို့ရယူထားသည့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက် တစ်ခုခုသည် မမှန်ကန် သို့မဟုတ် မပြည့်စုံပါက သင့်တွင် အချက်အလက်ကို အသုံးပြုမည့်ရည်ရွယ်ချက်ပေါ်မူတည်ပြီး မှန်အောင် သို့မဟုတ် ပြည့်စုံအောင် ပြင်ခိုင်းခွင့်ရှိသည်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ရန် သင့် Xiaomi အကောင့်သို့လည်း အကောင့်ဝင်နိုင်သည်။
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖျက်ခွင့်။ သက်ဆိုင်ရာ ဥပဒေ၏လိုအပ်ချက်များအရ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်ရန် သို့မဟုတ် ဖယ်ရှားရန် တောင်းဆိုခွင့်ရှိပြီး ကျွန်ုပ်တို့တွင် ၎င်းကို ဆက်လက်အသုံးပြုရန် ခိုင်လုံသောအကြောင်းပြချက် တစ်ခုမျှမရှိပါ။ ကျွန်ုပ်တို့သည် ဖျက်ပေးရန်တောင်းဆိုမှုနှင့် ပတ်သက်ပြီး ခိုင်လုံသော အကြောင်းပြချက်များကို ထည့်သွင်းစဉ်းစားပြီး သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖျက်ခြင်းကို ရှေ့ဆက်ရန် နည်းပညာအစီအမံများအပါအဝင် သင့်လျော်သော အဆင့်များကို ဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့သည် သက်ဆိုင်ရာဥပဒေ နှင့်/သို့မဟုတ် နည်းပညာအကန့်အသတ်များကြောင့် အချက်အလက်များကို အရန်သိမ်းစနစ်မှ ချက်ချင်း ဖယ်ရှားနိုင်မည်မဟုတ်ကြောင်း သတိပြုပါ (ဥပမာ - သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များဆောင်ရွက်ခြင်းဖြင့် ဖြစ်ပေါ်နိုင်သော သို့မဟုတ် ပတ်သက်ပြီး တောင်းခံမှုများ ရှိနိုင်လာနိုင်ခြင်းကြောင့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းထားရန် လိုအပ်ခြင်း)။ ထိုသို့ဖြစ်လာပါက သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာ သိမ်းထားပေးမည်ဖြစ်ပြီး၊ အချက်အလက်များကို မဖျက်မချင်း သို့မဟုတ် အမည်မဲ့မလုပ်မချင်း ထပ်ဆောင်းဆောင်ရွက်မည့် စာရင်းမှ သီးခြားခွဲထုတ်ထားပါမည်။
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ ဆောင်ရွက်ခြင်းကို ကန့်ကွက်ခွင့်။ သင်သည် သင့်အခြေအနေဆိုင်ရာ ခိုင်လုံသော အကြောင်းပြချက်များအရ Xiaomi ၏ တရားဝင်အကျိုးစီးပွား (ဥပမာ - တိုက်ရိုက်ဈေးကွက်ရှာဖွေရေး) အပေါ် အခြေခံသော သင့်ကိုယ်ရေးကိုယ်တာဒေတာများကို ဆောင်ရွက်ခြင်းအား ကန့်ကွက်ခွင့်ရှိသည်။ သင်က အဆိုပါဆောင်ရွက်ခြင်းကို ကန့်ကွက်လျှင် ကျွန်ုပ်တို့အနေနှင့် အဆိုပါဆောင်ရွက်ခြင်း သို့မဟုတ် တည်ထောင်ခြင်း၊ ကျင့်သုံးခြင်း သို့မဟုတ် ဥပဒေအရတောင်းခံခြင်းများကို ကာကွယ်ခြင်းဆိုင်ရာ ဥပဒေအကြောင်းအရင်းများ ပြသနိုင်ခြင်းမရှိပါက ကျွန်ုပ်တို့က သင့်ဒေတာများကို ဤရည်ရွယ်ချက်များအတွက် ဆောင်ရွက်တော့မည်မဟုတ်ပါ။
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်ခြင်းအား ကန့်သတ်ခွင့်။ ဥပမာ - ဆောင်ရွက်ခြင်းသည် တရားမဝင်ဟု သင်ကယူဆပြီး သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကိုလည်း မဖျက်လိုချိန်တွင် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့က ဆောင်ရွက်ခြင်းအား သင်က ကန့်သတ်ခွင့်ရှိသည်။ ထိုသို့သော အခြေအနေများတွင် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်သဘောတူခွင့်ပြုချက်အရ သို့မဟုတ် ဥပဒေအရတောင်းခံခြင်းများကို ကျင့်သုံးရန် သို့မဟုတ် ကာကွယ်ရန်အတွက်သာ ဆောင်ရွက်ပါမည်။ Xiaomi အကောင့်ဆက်တင်တွင် သင့်အကောင့်ကို ရပ်ခြင်းနှင့် ပြန်ဖြည်ခြင်းလုပ်ရန် ရွေးချယ်ခွင့်များ ပါဝင်ကြောင်း သတိပြုပါ။
**ဒေတာသယ်ဆောင်ခွင့်။**ဥပဒေအရပေးအပ်ထားသော အချို့အခြေအနေများတွင် သင်နှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို စနစ်ကျ အသုံးများပြီး စက်ဖြင့်ဖတ်နိုင်သော ဖောမတ်နှင့် ရယူခွင့် နှင့်/ သို့မဟုတ် ၎င်းကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြားဒေတာထိန်းချုပ်သူထံ ထုတ်ပေးခွင့် ရှိပါသည်။
သဘောတူခွင့်ပြုချက်ရုပ်သိမ်းခွင့်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်ရန်အတွက် သင့်သဘောတူခွင့်ပြုချက်လိုအပ်သော ထိုအခြေအနေများတွင် သင့်သဘောတူခွင့်ပြုချက်ကို အချိန်မရွေး ရုပ်သိမ်းနိုင်သည်။ သို့သော် သဘောတူခွင့်ပြုချက်ရုပ်သိမ်းခြင်းအားဖြင့် ထုတ်ကုန်နှင့် ၎င်းဆက်စပ်ဝန်ဆောင်မှုများကို သုံးခွင့် နှင့်/သို့မဟုတ် အချို့သော အချက်အလက်များ၊ အင်္ဂါရပ်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဖတ်ခွင့်တို့ ဆက်ရနိုင်တော့မည်မဟုတ်ကြောင်း သတိပြုပါ။ သဘောတူခွင့်ပြုချက် သို့မဟုတ် ခွင့်ပြုချက် ရုပ်သိမ်းခြင်းသည် အဆိုပါ ရုပ်သိမ်းသည့်အချက်သို့ မရောက်မချင်း ခွင့်ပြုချက်အပေါ်အခြေခံ၍ ကျွန်ုပ်တို့ ကောက်ယူခြင်းနှင့် ဆောင်ရွက်ခြင်း၏ တရားဝင်မှုကို ထိခိုက်မည်မဟုတ်ပါ။
ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ပတ်သက်သမျှအသေးစိတ်ကို သင့် Xiaomi အကောင့် https://account.xiaomi.com တွင်လည်းကောင်း သင့်စက်တွင် အကောင့်ဝင်၍လည်းကောင်း ဖတ်ရှုနိုင်၊ အပ်ပဒိတ်လုပ်နိုင်၊ ဖျက်နိုင်သည်။ ပိုမိုသိလိုသည်များရှိပါက ကျွန်ုပ်တို့ထံစာပို့ပါ သို့မဟုတ် https://privacy.mi.com/support မှ တစ်ဆင့် ဆက်သွယ်ပါ။
၉။ သင်၏ ဒေတာကာကွယ်ခွင့်များကို ကျင့်သုံးခြင်းနှင့် ကျွန်ုပ်တို့ထံဆက်သွယ်ခြင်း
ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒနှင့် ပတ်သက်ပြီး သုံးသပ်ချက်များ သို့မဟုတ် မေးခွန်းများရှိလျှင် သို့မဟုတ် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို Xiaomi က ကောက်ယူမှု၊ အသုံးပြုမှု သို့မဟုတ် ဖွင့်ထုတ်မှုနှင့် ပတ်သက်ပြီး မေးခွန်းများရှိလျှင် သို့မဟုတ် အထက်ပါကဏ္ဍအရ သင်၏ ဒေတာကာကွယ်ခွင့်များကို ကျင့်သုံးလိုလျှင် ကျွန်ုပ်တို့အား https://privacy.mi.com/support မှတစ်ဆင့် သို့မဟုတ် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်ပါ (သင့်တောင်းဆိုချက်ကို စာဖြင့်ရေးသားရပါမည်)။ ကိုယ်ရေးကိုယ်တာအချက်အလက်များဆိုင်ရာ မေးခွန်းများ သို့မဟုတ် အကြောင်းအရာများ ဒေါင်းလုဒ်လုပ်ခွင့် သို့မဟုတ် ဖတ်ခွင့်အတွက် တောင်းဆိုချက်များ ကျွန်ုပ်တို့ထံ ရောက်ရှိပါက ၎င်းကိစ္စများကို ဆောင်ရွက်ပေးသည့် ကျွမ်းကျင်အဖွဲ့ ရှိပါသည်။ ၎င်းတွင် ဒေတာကာကွယ်ရေးအရာရှိများ (DOP များ) ပါဝင်ပြီး https://privacy.mi.com/support မှတစ်ဆင့် သို့မဟုတ် အောက်ပါစာတိုက်လိပ်စာများမှတစ်ဆင့် ဆက်သွယ်နိုင်သည်။ သင်၏မေးခွန်းကိုယ်၌တွင် ထင်ရှားသည့်ပြဿနာပါနေလျှင် ကျွန်ုပ်တို့က အခြားအချက်အလက်များကို မေးမြန်းနိုင်သည်။ သင်က ကျွန်ုပ်တို့ထံအကြံတောင်းလျှင် သင့်အခြေအနေမှန်အပေါ်မူတည်ပြီး အသုံးပြုနိုင်သော သင့်လျော်သည့် တိုင်ကြားမှုချန်နယ်များဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့ထံမှ ပေးပါမည်။
**ဥရောပစီးပွားရေးနယ်မြေ (EEA)၊ UK သို့မဟုတ် ဆွစ်ဇာလန်ရှိ အသုံးပြုသူများအတွက် -**Xiaomi Technology Netherlands B.V., Prinses Beatrixlaan 582, The Hague 2595BM Netherlands
**အိန္ဒိယနိုင်ငံရှိ အသုံးပြုသူများအတွက် -**Xiaomi Technology India Private Limited, Building Orchid, Block E, Embassy Tech Village, Outer Ring Road, Devarabisanahalli, Bengaluru, Karnataka - 560103, India။ အထိပါးမခံသည့် ကိုယ်ရေးကိုယ်တာဒေတာများ သို့မဟုတ် အချက်အလက်များ ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး မကိုက်ညီမှုများ သို့မဟုတ် မကျေနပ်မှုများ တစ်စုံတစ်ရာရှိပါက အောက်တွင်ဖော်ပြထားသော မကျေနပ်ချက်ဆိုင်ရာအရာရှိထံ တိုင်ကြားရမည် -
အမည် - Vishwanath C
တယ်လီဖုန်း - 080 6885 6286၊ တနင်္လာ - စနေ၊ နံနက် ၉ - ညနေ ၆
အီးမေးလ် - grievance.officer@xiaomi.com
အခြားနိုင်ငံနှင့် ဒေသများရှိ အသုံးပြုသူများအတွက် Xiaomi Technologies Singapore Pte. Ltd., 1 Fusionopolis Link #04-02/03 Nexus @One-North, Singapore 138542
သင်သည် Xiaomi အား သင့်မှတ်ပုံတင်ကိုစစ်ဆေးပြီး သင်သည် ဒေတာပိုင်ဆိုင်သူ သို့မဟုတ် ဒေတာပိုင်ဆိုင်သူကိုယ်စား တရားဝင်လုပ်ပိုင်ခွင့်ရှိသူ ဟုတ်မဟုတ် အတည်ပြုနိုင်ရန်အတွက် လုံလောက်သော အချက်အလက်များ ပေးကြောင်း သေချာပါစေ။ သင့်တောင်းဆိုချက်ကို ဆောင်ရွက်နိုင်ကြောင်းအတည်ပြုရန် လိုအပ်သည့်အချက်အလက်များ လုံလောက်စွာရရှိသည်နှင့် တစ်ပြိုင်နက် သင့်တောင်းဆိုချက်ကို သက်ဆိုင်ရာ ဒေတာကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသည့် အချိန်အပိုင်းအခြားအတွင်း ပြန်ကြားဆောင်ရွက်ပေးပါမည်။
ကျွန်ုပ်တို့တွင် အဓိပ္ပာယ်မရှိသော၊ အခြေအမြစ်မရှိသော သို့မဟုတ် အလွန်အကျွံဖြစ်သော တောင်းဆိုချက်များ၊ အခြားသူများ၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ထိပါးစေသော တောင်းဆိုချက်များ၊ အလွန်လက်တွေ့မကျသည့် တောင်းဆိုချက်များ၊ နည်းပညာအရ အချိုးအဆမမျှသော လုပ်ဆောင်ချက်လိုအပ်သည့် တောင်းဆိုချက်များနှင့် ဒေသန္တရဥပဒေအရ မလိုအပ်သော တောင်းဆိုချက်များ၊ အများပြည်သူသုံးအချက်အလက်များ၊ လျှို့ဝှက်အခြေအနေများတွင်ပေးထားသောအချက်အလက်များကို ဆောင်ရွက်မပေးရန် ငြင်းခွင့်ရှိသည်။ အဆိုပါ အချက်အလက်ကို ဖျက်ရန် သို့မဟုတ် ဖတ်ရန် တောင်းဆိုမှုသည် ရှုထောင့်အချို့မှ ကြည့်လျှင် အထက်တွင်ဖော်ပြထားသော အယောင်ဆောင်လိမ်လည်မှုကာကွယ်ရေးနှင့် လုံခြုံရေး ရည်ရွက်ချက်များအတွက် အဆိုပါအချက်အလက်ကို ကျွန်ုပ်တို့က တရားဝင်အသုံးပြုနိုင်ခြင်းမရှိ ဖြစ်စေမည်ဟု ကျွန်ုပ်တို့က ယုံကြည်လျှင်လည်း ပယ်ချနိုင်သည်။ သက်ဆိုင်ရာဥပဒေအရ လိုအပ်ပါက သင့်တောင်းဆိုချက်ကို မလုပ်ဆောင်ရန် ဆုံးဖြတ်ချက်မှန်သမျှနှင့် ဤဆုံးဖြတ်ချက်၏ ခိုင်လုံသော အကြောင်းပြချက်များကို သင့်ထံအကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသော အချိန်အတိုင်းအတာရှိပါက ၎င်းကာလအတွင်း အကြောင်းကြားပါမည်။
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ထံမှ တုံ့ပြန်မှုအပေါ် ကျေနပ်မှုမရှိပါက သင်၏တိုင်ကြားချက်ကို သင့်တရားစီရင်ပိုင်ခွင့်အတွင်းမှ သက်ဆိုင်ရာ ဒေတာကာကွယ်ရေးစည်းမျဉ်း အာဏာပိုင်များထံ လွှဲပြောင်းနိုင်သည်။ သင်သည် ဥရောပစီးပွားရေးနယ်မြေ (EEA)၊ UK သို့မဟုတ် ဆွစ်ဇာလန်တွင် ရှိပါက အာဏာရပင်ပအာဏာပိုင်များစာရင်းကို ဤနေရာတွင် ကြည့်နိုင်သည် - EEA / UK / ဆွစ်ဇာလန်
၁၀။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကမ္ဘာအနှံ့သို့ လွှဲပြောင်းနည်း
Xiaomi သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကမ္ဘာလုံးဆိုင်ရာ လည်ပတ်မှုနှင့် ထိန်းချုပ်မှု အခြေခံအဆောက်အဉီမှ တဆင့် အရံသိမ်းဆည်းမှု လုပ်ဆောင်ပါသည်။ လက်ရှိတွင် အိန္ဒိယ၊ နယ်သာလန်၊ ရုရှနှင့် စင်ကာပူတို့တွင် Xiaomi ဒေတာစင်တာများရှိပါသည်။ ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအရ သင့်အချက်အလက်များကို ဤဒေတာစင်တာများသို့ သက်ဆိုင်ရာဥပဒေနှင့်အညီ လွှဲပြောင်းနိုင်သည်။
ကျွန်ုပ်တို့အနေဖြင့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ပေးသူများနှင့် စီးပွားရေး ပါတနာများထံလည်း လွှဲပြောင်း ပေးပို့မည်ဖြစ်သည့်အတွက် သင်၏အချက်အလက်များသည် အခြားသော နိုင်ငံများ သို့မဟုတ် ဒေသများသို့ ပို့ခြင်းမျိုးဖြစ်နိုင်ပါသည်။ အဆိုပါ နိုင်ငံတကာ စက်ရုံအလုပ်ရုံများ၊ ပြင်ပပါတီဝန်ဆောင်မှုပေးသူများနှင့် လုပ်ငန်းပါတနာများ တည်ရှိရာ ဒေသရှိ ကိုယ်ရေးကိုယ်တာအချက်အလက်များ အပေါ်ထားရှိသည့် တရားစီရင်ပိုင်ခွင့်များသည် သင့်ဒေသရှိ တရားစီရင်ပိုင်ခွင့်နှင့် ဆင်တူသော ဒေတာကွယ်ရေးဥပဒေများ ရှိချင်မှရှိပါမည်။ ဒေတာကာကွယ်ရေးဥပဒေအမျိုးမျိုးအရ အန္တရာယ်အမျိုးမျိုးရှိသောကြောင့် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြားတည်နေရာများသို့ လွှဲပြောင်းသိမ်းဆည်းနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ထိုအချက်က ကိုယ်ရေးအချက်အလက် ပေါ်လစီကို လိုက်နာရန်နှင့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို ကာကွယ်ထိန်းသိမ်းရန်ဆိုသည့် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ပြောင်းလဲစေမည်မဟုတ်ပါ။
အထူးသဖြင့် -
ရုရှဥပဒေအရ ခွင့်ပြုထားသော ဒေတာလွှဲပြောင်းခြင်းများမှအပ ရုရှနိုင်ငံတွင် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်စဉ်က ကောက်ယူထုတ်လွှတ်ထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရုရှနိုင်ငံရှိ ဒေတာစင်တာများတွင် ဆောင်ရွက်ပြီး သိမ်းဆည်းပါမည်။
အန္ဒိယနိုင်ငံတွင် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်စဉ်က ကောက်ယူထုတ်လွှတ်ထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို အန္ဒိယနိုင်ငံရှိ ဒေတာစင်တာများတွင် သိမ်းပါမည်။
ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင်၏တရားစီရင်ပိုင်ခွင့်နယ်မြေပြင်ပရှိ ကျွန်ုပ်တို့၏တွဲဖက်ကုမ္ပဏီများ၊ ပြင်ပပါတီဝန်ဆောင်မှုပေးသူများ သို့မဟုတ် လုပ်ငန်းပါတနာများထံ လွှဲပြောင်းရန်လိုအပ်ပါက သက်ဆိုင်ရာ ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ပါမည်။ အဆိုပါ လွှဲပြောင်း ပေးပို့မှုအားလုံးကို တူညီသော အကာအကွယ် ပုံစံများ အကောင်အထည်ဖော်ခြင်းဖြင့် သက်ဆိုင်ရာ ဒေသန္တရ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည်မှာ ကျွန်ုပ်တို့အနေဖြင့် သေချာပါသည်။ ကျွန်ုပ်တို့ စီစဉ်ထားရှိသော အကာအကွယ်များအကြောင်းကို https://privacy.mi.com/support တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီး လေ့လာနိုင်သည်။
- သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို EEA၊ UK သို့မဟုတ် ဆွစ်ဇာလန်တွင် အသုံးပြုပါက Xiaomi နည်းပညာ နယ်သာလန် B.V က ဒေတာထိန်းချုပ်သူအဖြစ် ဆောင်ရွက်ပြီး Xiaomi စင်ကာပူ Pte. Ltd. က ကိုယ်ရေးကိုယ်တာအချက်အလက်အချို့ကို ဆောင်ရွက်ရန် တာဝန်ယူပါမည်။ Xiaomi သည် EEA၊ UK သို့မဟုတ် ဆွစ်ဇာလန်၌ အစပျိုးသော ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ဒေတာများကို EEA၊ UK သို့မဟုတ် ဆွစ်ဇာလန် ပြင်ပရှိ Xiaomi အဖွဲ့ တစ်ခုခု၊ ပြင်ပပါတီဝန်ဆောင်မှုပေးသူ သို့မဟုတ် လုပ်ငန်းပါတနာတစ်ခုခုထံ မျှဝေပါက (ထပ်ဆောင်းအချက်အလက်များအတွက် အထက်ပါ အပိုင်း ၄ ကို ကြည့်ပါ) ဒေသန္တရဥပဒေများသည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်နိုင်ငံ သို့မဟုတ် ဒေသရှိ စံနှုန်းများအတိုင်း ကာကွယ်နိုင်နိုင်ခြင်းမရှိလျှင် Xiaomi က EU စံနှုန်း စာချုပ်ပါအချက်များ သို့မဟုတ် GDPR သို့မဟုတ် သက်ဆိုင်ရာ UK သို့မဟုတ် ဆွစ်ဇာလန် ဥပဒေအရ ပံ့ပိုးထားသော အခြားအကာအကွယ်စနစ်များနှင့်အညီ ဆောင်ရွက်ပါမည်။
၁၁။ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များပေးရန် တာဝန်
အထက်တွင်ဖော်ပြထားသည့်အတိုင်း သင်သည် လိုအပ်သော ကိုယ်ရေးကိုယ်တာအချက်အလက်များ မပေးလိုပါက ဤထုတ်ကုန် သို့မဟုတ် ၎င်းဆက်စပ် ဝန်ဆောင်မှုများကို သုံးမရပါ သို့မဟုတ် သင့်မေးခွန်းများကို ဖြေကြားနိုင်မည်မဟုတ်ပါ။ အခြားအချက်အလက်များအတွက် အခန်း ၃ (ဘယ်အချက်အလက်များကို ကျွန်ုပ်တို့ကောက်ယူသလဲ၊ ၎င်းတို့ကို ဘယ်လိုသုံးသလဲ) ကို ကြည့်ပါ။
၁၂။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလိုအလျောက်ဆောင်ရွက်ခြင်း (ပရိုဖိုင်လုပ်ခြင်းအပါအဝင်)
အခြေခံသဘောအရ ကျွန်ုပ်တို့သည် သင်ပေးထားသော ပရိုဖိုင်လုပ်ခြင်းအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အပြည့်အဝအလိုအလျောက် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များတွင် မသုံးပါ။ အဆိုပါဆောင်ရွက်ချက်များကို ကျွန်ုပ်တို့က သုံးရန်လိုသော အခြေအနေတွင် ကျွန်ုပ်တို့သည် သင့်အား ဤအချက်နှင့် သဘောတူခွင့်ပြုချက်အချက်အလက်များအပါအဝင် သင်၏သက်ဆိုင်ရာ အခွင့်အရေးများကို ကြိုတင်အကြောင်းကြားပါမည်။
၁၃။ ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကို ဘယ်လိုအပ်ပဒိတ်လုပ်သလဲ
ကျွန်ုပ်တို့သည် ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကို လုပ်ငန်း၊ နည်းပညာနှင့် သက်ဆိုင်ရာ ဥပဒေနှင့် အကောင်းဆုံးအလေ့အထတို့၏ အပြောင်းအလဲအပေါ် မူတည်ပြီး အခါအားလျော်စွာ သုံးသပ် ပြုပြင်နိုင်သည်။ ဤကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒကို သိသိသာသာ အပြောင်းအလဲလုပ်ပါက ကျွန်ုပ်တို့ ကောက်ယူသော အချက်အလက်များနှင့် ၎င်းတို့ကို အသုံးပြုပုံအကြောင်းအား သင်နားလည်နိုင်ရန်အတွက်အပြောင်းအလဲများကို ပေါ်တက်အကွက်၊ အီးမေး(လ်) (သင့်အကောင့်တွင် ဖော်ပြထားသော အီးမေး(လ်)လိပ်စာသို့ ပို့ပါမည်) သို့မဟုတ် အခြားတရားဝင်ပြီး လက်တွေ့ကျသော နည်းလမ်းများဖြင့် သင့်ထံ အသိပေးပါမည်။ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒရှိ ထိုသို့သောအပြောင်းအလဲများသည် အသိပေးချက်တွင် ဖော်ပြထားသည့် ရက်စွဲမှ စတင်၍ အကျုံးဝင်ပါမည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် ပေါ်လစီ အပေါ် နောက်ဆုံး ပြောင်းလဲထားသည့် အချက်အလက်ကို သိရှိနိုင်စေရန် ဤစာမျက်နှာကို ပုံမှန် စစ်ဆေးရန် သင့်အား တိုက်တွန်းပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထပ်မံကောက်ယူချိန် သို့မဟုတ် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရည်ရွယ်ချက်အသစ်အတွက် အသုံးပြုသည့်အခါ သို့မဟုတ် ထုတ်ဖော်ပြသသည့်အခါတွင် ကျွန်ုပ်တို့သည် ဥပဒေအရ လိုအပ်လျှင် သင့်ထံမှ တိကျသော သဘောတူညီချက်ကို တောင်းခံပါမည်။